ကျွန်မ နန်းရီရီလေး (ခ) နင်းခံးရျူး ကို ၄.၁၁.၁၉၉၂ ခုနှစ် အဖဦးမောင်ပေါ့၊ အမိဒေါ်နန်းရွှေတင်မှ နောင်ယာဆိုင်းရွာ၊ လုံဟေးကျေးရွာအုပ်စု၊ ဟိုပုံးမြို့နယ်တွင် မွေးဖွားခဲ့သည်။သမီး (၄) ဦးရှိသည့်အနက် တတိယမြောက်သမီးငယ်ဖြစ်သည်။ ၁၉၉၇-၁၉၉၈ ခုနှစ် သူငယ်တန်းနှင့် ပထမတန်းကို နောင်ယာဆိုင်းရွာ အ.မ.က (သာယာကုန်း) ကျောင်းတွင်ပညာသင်ကြားခဲ့ပါသည်။ ၁၉၉၉-၂၀၀၁ ခုနှစ် အ.မ.က(၂) ညောင်ရွှေတွင် ဒုတိယတန်းမှ စတုတ္ထတန်းအထိလည်းကောင်း၊ ၂၀၀၂-၂၀၀၅ ခုနှစ်် အ.လ.က(၁) ယခုလက်ရှိ အ.ထ.က(၂) ညောင်ရွှေတွင် ပဥ္စမတန်းမှ အဋ္ဌမတန်းအထိ ပညာသင်ကြားခဲ့ပါသည်။ ၂၀၀၆-၂၀၀၇ ခုနှစ် အ.ထ.က(၅) တောင်ကြီးတွင် နဝမတန်းနှင့် ဒသမတန်းအထိ ပညာသင်ကြားခဲ့ပါသည်။၂၀၀၈-၂၀၁၁ ခုနှစ် တောင်ကြီးတက္ကသိုလ်တွင် မြန်မာစာ အထူးပြုဖြင့် ကျောင်းပြီးခဲ့ပြီး ၂၀၁၂တွင် ဘွဲ့ယူခဲ့ပါသည်။ ၂၀၁၁ ခုနှစ်် နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ဖွင့်လှစ်သော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို တက်ရောက်ခဲ့ပါသည်။

၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ် နောင်တောင်းပရဟိတတပ်ဦး ကျောင်းတွင်ဖွင့်လှစ်သော နွေရာသီယဉ်ကျေးလိမ္မာကို ထပ်မံတက်ရောက်ခဲ့သည်။ တက်ရောက်ပြီးနောက် ပရဟိတ လုပ်ငန်းများကို စိတ်ဝင်စားသဖြင့် နောင်တောင်းကျောင်းတွင် ယနေ့ထိတိုင် အများအကျိုးကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးလျက်ရှိသည်။ ၂၀၁၃ ခုနှစ်မှစတင်၍ လောကသာရကျောင်းများ အဖွဲ့အစည်းမှ ဖွင့်လှစ်သော ရက်(၇၀) သင်တန်းကို တက်ရောက်ခဲ့သည်။ ထို့နောက်

  • မိမိကိုယ်ကိုယ် သိရှိခြင်း ဆရာဖြစ်သင်တန်း
  • မိမိကိုယ်ကိုယ် ဦးဆောင်ဦးရွက်ပြုခြင်း (PLD) သင်တန်း
  • ခေါင်းဆောင်မှု (L)၊ မဟာဗျူဟာ ရေးဆွဲခြင်းသင်တန်း
  • ဓမ္မစကူးလ် ဆရာဖြစ်၊ ငြိမ်းချမ်းရေးခေါင်းဆောင်မှု ( PLT)သင်တန်း
  • သုတေသန (PAR)သင်တန်း
  • စီမံကိန်း စီမံခန့်ခွဲမှု (PCM)သင်တန်း
  • ဝေဖန်ပိုင်းခြားခြင်းအတွက် စာရေးခြင်းနှင့် စာဖတ်ခြင်း ဆရာဖြစ် (RWCT)သင်တန်း
  • သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ သင်တန်းဆရာဖြစ် သင်တန်း
  • ငွေကြေးစီမံခန့်ခွဲမှု (FM)သင်တန်း
  • ပြည်သူ့နီတိ (CE)သင်တန်း
  • တိုင်းရင်းဆေး (Herbal)သင်တန်း
  • ကလေးစိတ်ပညာ (Child Psychology)သင်တန်း
  • စိုက်ပျိုးရေး (သဘာဝမြေသြဇာများ ပြုလုပ်ခြင်း၊ သဘာဝပိုးသတ်ဆေး….)သင်တန်း
  • အိမ်တွင်းမှု သက်မွေး (ဓာတုလျော့ ဆပ်ပြာများ၊ လူသုံးကုန်များ)သင်တန်း

စသည့်…..သင်တန်းများကို တက်ရောက်ခဲ့ပါသည်။ ၂၀၁၃မှစတင်၍ ကျောင်းသား၊သူများ ၊ ရပ်ရွာရှိ လူငယ်များ၊ ကျေးလက် ကျောင်းထိုင်ဆရာတော်များနှင့် ရဟန်းသံဃာတော်များ၊ ဘ/က ဆရာ/မများ၊ အားသင်တန်းပေးခြင်းနှင့် သင်တန်းတာဝန်ခံအဖြစ် တာဝန်ယူလျက်ရှိသည်။ PCFနှင့် နောင်တောင်းကျောင်း ပူးပေါင်း၍ ပြုလုပ်သော သန့်ရှင်းစိမ်းလန်း စီမံကိန်းတွင်လည်း စီမံကိန်းတာဝန်ခံအဖြစ်တာဝန်ယူ တာဝန်ယူဆောင်ရွက်လျက်ရှိသည့်အပြင် Swissaid ၏ အတန်းပညာကို ပြီးဆုံးအောင် မတက်ရောက်နိုင်သော ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်း စီမံကိန်းတွင် Finance တာဝန်ကို ထမ်းဆောင်လျက်ရှိသည်။