၂၁ ရာစုအတွင်းသို့ တဖြည်းဖြည်းရောက်လာတာနဲ့အမျ လူဦးရေတိုးပွားလာတာ လုပ်ငန်းကိုင်ငန်းတိုးပွားလာတာနဲ့အမျ လူတစ်ဦးပီသဖို့ အလုပ်တစ်ခုကို သေချာစွာ ရှင်းလင်းစွာ သိရှိသွားနိုင်ဖို့ စသည်တို့အတွက် လူတစ်ဦး သို့မဟုတ် အဖွဲ့တစ်ဖွဲ့မှာ Website လေးတစ်ခုလောက်တော့ ရှိထားသင့်တဲ့ ခေတ်ကို ရောက်လာပြီ ဖြစ်ပါတယ်။

Website တစ်ခုဘယ်လို စတင်မလဲ။ ဘယ်လို software က ပိုကောင်းမလဲ။ ဘယ်ဟာ စျေးပိုသက်သာမလဲ။ ပိုပြီးတော့ လွယ်ကူမလဲ စတဲ့ ပြဿနာများကို ဖြေရှင်းပေးဖို့ အတွက် ntaddons အဖွဲ့မှ wordpress သင်တန်းဖွင့်ပေးမှာ ဖြစ်ပါတယ်။
ဘာကြောင့် wordpress နဲ့ သင်မှာလဲဆိုရင်တော့ နာမည်ကြီး ဝက်ဆိုက်တော်တော်များများဟာ wordpress နဲ့ လုပ်ထားတာ ဖြစ်သလို သုံးရတာလည်း လွယ်ကူလျှင်မြန်ပါတယ်။

ဘာတွေ သင်ပေးမှာလဲ။ အောက်ပါ အခြေခံ Program language နဲ့အတူ WordPress ပြုလုပ်ရာမှာ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို သင်ပေးမှာ ဖြစ်ပါတယ်။

  • Introduction Web Technology
  • HTML Basic
  • CSS Basic
  • PHP Basic
  • WordPress Installation
  • WordPress Interface
  • Create post
  • Theme Customize
  • Working with Widgets
  • Install plug-ins
  • Working with Categories and Tags
  • Working with Pages
  • Creating and Managing a Blogroll

ဘယ်အတိုင်းအတာအထိ တတ်သွားမလဲ။ တကယ့် Professional တွေ Website Builder တွေ အသုံးပြုနေတဲ့ Plug-ins တွေ Theme တွေကို အသုံးပြုပြီး သင်ပေးသွားမှာ ဖြစ်ပါတယ်။ Website ထဲမှာ contact form, Sharing, Google map တွေထည့်ပုံထည့်နည်းနှင့် Website လုံခြုံရေးရေးအတွက် လုပ်သင့်လုပ်ထိုက်တာတွေ တတ်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ SEO တွေကိုလည်း ကောင်းကောင်းသုံးတတ်သွားမှာ ဖြစ်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင် Domain နဲ့ E-mail တွေပြုလုပ်နည်းတွေကိုပါ တပါတည်း တတ်မြောက်သွားမှာ ဖြစ်ပါတယ်။

သင်တန်းကြေး ဘယ်လောက်ယူပြီး ဘယ်နှစ်လအကြာ သင်ပေးမှာလဲ။ သင်တန်းကြေးကတော့ ၁၀၀,၀၀၀ ကျပ်တည်းပါ။ နှစ်လအတွင်း စနေ တနင်္ဂနွေတို့မှာ တစ်ရက်ကို ၃ နာရီစီနဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်။ စုစုပေါင်း သင်ကြားချိန် ၄၈ နာရီ ရှိမှာ ဖြစ်ပါတယ်။