ဂဟေအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး

လျှပ်စစ်သံဂဟေလုပ်ငန်းတွင် လူတို့၏ပေါ့ဆမှုကြောင့်လည်းကောင်း စက်ကိရိယာများ၏ ချို့ယွင်းမှုကြောင့်လည်းကောင်း မကြာခဏ ဘေးအန္တရာယ်များ ဖြစ်လေ့ဖြစ်ထရှိပါသည်။ ထို့ကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုများ မဖြစ်စေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားသင့်ပါသည်။ ဓါတ်လိုက်ခြင်းလျှပ်စစ်ဂဟေလုပ်ငန်းများတွင် ဓါတ်လိုက်ခြင်းကြောင့် လူတို့၏ အသက်ဆုံးရှုံးသည်အထိ အန္တရာယ်ဖြစ်စေတတ်ပါသည်။ ထို့ကြောင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ပါ။   (၁)   လျှပ်စစ်ဓါတ်ရှိသော စက်အစိတ်အပိုင်းများကို တိုက်ရိုက်ထိတွေ့ ကိုင်တွယ်ခြင်း မပြုရ။ (၂)    ခြောက်သွေ့၍ ထူသောအဝတ်များ (ဂျင်း စသည်ဝတ်နိုင်သည်) ၊ လက်အိတ်များကို ဝတ်ဆင်၍ လုပ်ကိုင်ပါ။ မီးလောင်လွယ်သော နိုင်လွန်စသည်များမဝတ်ရပါ။… Read More

ဂဟေဆက်ခြင်း

အရာနှစ်ခုကို ပေါင်းစပ်ပေးတာကို ဂဟေဆက်တာလို့ခေါ်ပါတယ်။ ဝါးတွေ သစ်တွေကိုကျတော့ လက်ဝါးအုပ်ဆက်စပ်တာ သံမိုနဲ့ရိုက်ဆက်လိုက်တာ အပေါက်ဖောက်ပြီး မူလီစုပ်လိုက်တာမျိုးဆက်လို့ရပါတယ်။ သံ သံချင်း၊ စတီး စတီးချင်တို့ အလွိုင်း အလွိုင်းချင်းဆက်တော့မယ်ဆိုရင်တော့ လျှပ်စစ်အကူအညီနဲ့ ဂဟေဆက်ရပါတော့မယ်။ ဂဟေဆက်နည်း အမျိုးပေါင်း ၇၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဘယ်လိုပင် ၇၀ ကျော်နေပါစေ ကျွန်တော်တို့ ရှမ်းပြည်အနေနဲ့ တနေ့တုန်းက တောင်ကြီးမှာ စျေးတက်ဝယ်တဲ့ အမှတ်တရအဖြစ် ဆိုင်က မေးတာ နှစ်မျိုးပဲ။ “ဝရိန်က သံကိုဆော်မှာလား စတီးကိုဆော်မှာလား” ဒါပဲ။ Mig Welder… Read More