ဆရာတို့နိုင်ငံမှာ Teaching လုပ်တာ သိပ်များနေတယ်။ ဒါကြောင့် အားလုံးက Teaching တွေပဲဖြစ်နေတာ စိတ်ညစ်ဖို့ကောင်းတယ်။ အသင်မခံပါနဲ့။ ဘယ်သူမှ ကိုယ့်ကို သင်ပေးစရာမလိုဘူး။ ဒါပေမယ့် လူတိုင်းမှာ စဉ်းစားရမှာ တစ်ခုပဲရှိတယ်။

”Thinking ” ဒါကြောင့် ”Thinking” နဲ့ ”Teaching” ခွဲရအောင်။ ပြောသမျှအားလုံးခေါင်းညိတ်တဲ့အဖြစ် ဆရာတို့နိုင်ငံမှာဖြစ်ခဲ့တယ်။ ဆရာတို့ လူငယ်တွေ ပြောတိုင်း ခေါင်းမညိတ်ဖို့လိုတယ်။ ပြောတာတွေ ယုတ္တိရှိမှ၊ အဓိပ္ပာယ်ရှိမှ ခေါင်းညိတ်ပြီးလက်ခံပါ။ မစဉ်းစားဘဲနဲ့ မျက်စိမှိတ်ပြီး လက်ခံတဲ့သူမျိုး ဖြစ်လို့မရဘူး။ ဆရာတွေပြောတာကိုလည်း အမြဲလက်မခံနဲ့။ မေးခွန်းတွေ ပြန်မေးဖို့လိုတယ်။

အဓိကက ”Learning” လုပ်ရမယ်။ ဆရာတို့နိုင်ငံမှာ လိုနေတာ ”Learning” သင်ယူ ဖို့လိုနေတာ။ တတ်စရာ၊ သိစရာတွေ စီးပွားရေးမှာလည်း အများကြီးရှိတယ်။ ဆရာတို့ စီးပွားရေး ဆိုလည်းဘွဲ့လွန်ပြီးတယ်။ Ph.D ပြီးတယ်။ ဒါတွေအားလုံးကအဆုံးမဟုတ်ဘူး။ အစပဲရှိသေးတယ်။

ဘွဲ့ရတာကအစ။ ဘာကြောင့်လဲ ဆိုတော့ ဆရာတို့ ”Learning” ကို ကောင်းကောင်းသုံးဖို့လိုတယ်။ လူတစ်ယောက် ထူးချွန်လာရင် ”Responsibility” ပါလာပြီ။ တာဝန်ယူရမယ်။ တို့နိုင်ငံမှာ ကိုယ်ကလွဲရင် အားလုံးတာဝန်ရှိတယ် ဖြစ်နေတယ်။ ကိုယ်ကတော့ တာဝန်မယူဘူး။ မင်းတို့ လူငယ်တွေ တစ်ဦးချင်း ကိုယ့်ကိုယ်ကိုယ် တာဝန်ယူဖို့လိုတယ်။ စီးပွားရေး လုပ်တဲ့သူတွေမှာလဲ တာဝန်ရှိ တယ်။ ပြည်သူတွေမှာ တာဝန်ရှိတယ်။ ဒါကို ဆရာတို့လဲ အမြဲ စဉ်းစားဖို့လိုတယ်။

ဆရာတို့တွေ ‘အသိနဲ့ အတတ်’ရှိဖို့လိုတယ်။ သင်တန်းတစ်ခုမှာလည်း ဒါလိုတယ်။ ကျောင်းသားတစ်ယောက်အနေနဲ့လဲ ဒါလိုတယ်။ ဒါ့အပြင် သိရုံ ဖတ်ရုံနဲ့ မဟုတ်သေးဘဲနဲ့ ‘တန်ဖိုး’ရှိဖို့လဲလိုတယ်။ ‘ဝိတ်’ရှိတာ တန်ဖိုးမဟုတ်ဘူး။ ချမ်းသာတာ၊ ကျော်ကြားတာတွေက ‘တန်ဖိုး’ မဟုတ်ဘူး။ ရိုးသားတာ၊ ဖြောင့်မတ်တာတွေရှိဖို့လိုတယ်။ လူငယ်တွေကို ဆရာအားကိုးတယ်။ ဘာကြောင့်လဲဆိုတော့ လူငယ်ဆိုတာ ရိုးတယ်။ ဆရာအမြဲတမ်းပြောတယ်။ ဘုရင်ကြီးမှာ ပုဆိုးမရှိဘူးပြောတာ လူငယ်တွေ၊ ဆရာတို့လိုဘုရင့်ဘေးကအကြံပေးတွေက ဘုရင်ကြီးချောလိုက်တာလို့ ပြောတာ။

”ပုဆိုးမရှိတဲ့ဘုရင်ကြီးကိုချောတယ်ပြောတာ ပညာရှင်တွေ အကြံပေးတွေပါ”

ကျောင်းသားတွေ၊ လူငယ်တွေက ရိုးသားတယ်။ ဒါကြောင့် လူငယ်တွေကို သိက္ခာရှိမှု၊ ရိုးသားမှုတွေကိုတန်ဖိုးထားစေချင်တယ်။ တစ်ချိန်တုန်း ကဆရာတို့နိုင်ငံမှာ မဟုတ်တာလုပ်ပြီး ချမ်းသာတဲ့ခေတ်ရှိခဲ့တယ်။ အခု ဟုတ်တာလုပ်ပြီး ချမ်းသာဖို့လိုတယ်။ ဒါကြောင့် Business Ethic ကို သင်ပေးဖို့ များများလိုလာပြီ။ မတည့်တဲ့သူဆိုတာ ရန်သူမဟုတ်ဘူး။ အယူအဆ၊ ဘာသာ၊ လူမျိုးမတူတာ ဘာဖြစ်လဲ။ တို့နိုင်ငံ တစ်နိုင်ငံတည်းရှိတယ်။ One Country၊ One Future၊ One People ဖြစ်ဖို့လိုတယ်။တို့နိုင်ငံ တစ်နိုင်ငံ  တည်းရှိတယ်။ မခွဲနဲ့။ အခုက သူနဲ့ကိုယ်နဲ့မတူရင်ရန်သူဖြစ်နေ ပြီ။ ”Live Together” ဖြစ်ဖို့ လိုတယ်။ Living Together ကိုပြောတာမဟုတ်ဘူး။ တို့နိုင်ငံ မှာ လူဦးရေ ၅၁ သန်း အတူတူ နေရမှာ။

နောက်တစ်ခု”Listening” လုပ်ဖို့လိုတယ်။ ဆရာတို့ နိုင်ငံမှာ နားထောင်တာ အရမ်းအားနည်း သွားပြီ။ လူတိုင်းမှာ ‘ပါးစပ်’ တွေပဲရှိတယ်။ အခုမြန်မာပြည်မှာ ရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေမှာ ထူးခြားတဲ့လုပ်ငန်းတစ်ခု သုံးသပ်မိတယ်။ အင်မတန်တိုးတက်တဲ့လက္ခဏာပါပဲ။ အုပ်စု(၃) စုဖြစ်နေတယ်။

  • တစ်စုက ပြည်တွင်းကလူတွေ၊

  • နောက်တစ်စုက နိုင်ငံခြားကနေ ပြည်တွင်းမှာ အလုပ်လာလုပ်တဲ့သူတွေ၊

  • နောက်တစ်စုက ကိုယ့်နိုင်ငံကနေထွက်သွားပြီး ပြည်ပမှာ ပညာသင်ပြီးပြန်လာတဲ့သူတွေ၊

ဒီတော့ အခုလုပ်ငန်းခွင်တွေအားလုံးမှာ သုံးမျိုးရှိတယ်။ ”Diversity ”ဖြစ်ဖို့လိုတယ်။ အခုက ဒီ Diversity ကို စီမံခန့် ခွဲမှုမလုပ်တတ်ကြဘူး ဖြစ်နေတယ်။

”နင်က အခုမှရောက်တာ၊ ငါက မြန်မာပြည်မှာနေတာကြာလာပြီ” ဟိုတစ်ဖက်ကလည်း ”နင် က ဘာတတ်လို့လဲ၊ ငါကမနေ့ တစ်နေ့ကမှ ph.D ရလာတာ” ဒီကြားထဲ နိုင်ငံခြားသားကလဲ ဗမာလိုမပြောတတ်။ တော ပြော တောင်ပြော။ သူ့ကိုလဲ နိုင်ငံခြားကလာတယ်ဆိုပြီးအထင်ကြီးကြတာကိုး။ မတူတာတွေ ကိုဘယ်လိုပေါင်းမလဲဆိုတာစဉ်းစားဖို့လိုတယ်။ ဆရာတို့ လူမျိုး ချစ်စရာကောင်းတာ၊ စိတ်ကူး စိတ်သန်းကောင်းတာ။ ပြောတတ်တာ၊ ပြီးတော့ Cultural တွေ။

ယဉ်ကျေးမှုတစ်ခုတည်းကိုမဟုတ်ဘဲ မတူတဲ့ယဉ်ကျေးမှုတွေကို ပြောင်းကြဖို့လိုတယ်။ နောက်ဆုံးတော့ တာဝန်ရှိမှု၊ တာဝန်ခံမှုလိုတယ်။ ဆရာက လူငယ်တွေကို ‘ကိုယ့်အကြောင်း ကိုယ်သိအောင် လုပ်စေချင်တယ်” အခုက သူများ အကြောင်းပဲ သိအောင်လုပ်နေကြတယ်။ ကိုယ့်အကြောင်း ကိုယ်သိဖို့လိုတယ်။ ဆရာတို့အခု EQ သင်ပေးဖို့ လိုတယ်။ လူငယ်တွေကို လေ့လာ တဲ့အခါ နံပါတ်(၁) က ကျန်းမာ ဖို့လိုတယ်။ ”You must be physically fit” အခု လူငယ်တွေကို ကြည့်လိုက်ရင် ချုံးချုံး ကျနေတယ်။ ရုပ်တွေကလဲလုပ်ချင် သလိုလို မလုပ်ချင်သလိုလို၊ Energy ကလဲမရှိ။ တို့လူငယ်တွေ လမ်းလျှောက်ရင်တောင် ရင်ကော့ပြီး လမ်းလျှောက်ဖို့လိုတယ်။ IQ က မွေးရာပါလို့ ပြောလို့ရပေမဲ့ EQက မွေးရာပါမဟုတ်ဘူး။ နောက်တစ်ခုက Spiritual Quotient ၊ ဆရာ Religion လို့ မပြောဘူးနော်။ နောက်ဆုံးက နိုင်ငံသားတွေ အတွက် CQ လို့ ခေါ်တဲ့ Cultural Quotient လို တယ်။

စီးပွားရေးသမားတွေအားလုံးက တို့စီးပွားရေးရှိမှ တိုင်းပြည်တိုးတက်မှာကိုတွေးဖို့လိုတယ်။ လူတွေရဲ့ နေမှုထိုင်မှုတတ်ဖို့က စီးပွားရှာတတ်ဖို့လိုတယ်။ အခု လာတဲ့သူတွေအားလုံးကိုယ့်ကိုယ်ကိုယ် စီးပွားရေးလုပ်နိုင်အောင် ကြိုးစားပါ။ သူများဆီမှာ အလုပ် သွားလုပ်တယ်ဆိုတာ ညံ့တဲ့သူတွေပဲလုပ်တာ။ လုပ်နေတဲ့သူတွေ ကိုယ်ပိုင်အလုပ်လုပ်ဖို့လိုတယ်။ ကိုယ်ပိုင်အလုပ်လုပ်မှ တိုင်းပြည် တိုးတက်မှာ၊ လခစားတွေချည်း လုပ်နေလို့ တိုင်းပြည်မတက်လာဘူး။ ပြီးတော့ Market (ဈေး ကွက်)ကို သိဖို့လိုတယ်။ ကုမ္ပဏီတစ်ခုက ပစ္စည်းရောင်းတာ၊ ဝန်ဆောင်မှုပေးတာ မဟုတ်ဘူးနော်။ Solution ပေးတာ။

ဆရာအမြဲပြောနေတာရှိတယ်။ YKKO က ကြေးအိုးရောင်းတာ မဟုတ်ဘူး။ ဗိုက်ဆာတာ ကို ကြေးအိုးနဲ့ဖြည့်လို့ရတယ်။ ဒါကို ဖြေရှင်းပေးတာ၊ ဆရာအမြဲပြော နေတာရှိတယ်။ လိပ်ပြာဖြစ်ဖို့လို တယ်။ လိပ်ပြာသည် ပိုးတုံးလုံး ပြန်မဖြစ်တော့ဘူး။ ဘောက်ဖတ် ပြန် မဖြစ်တော့ဘူး။ ဒါကြောင့် ဆရာတို့ပြောင်းမှရမယ်။ စဉ်ဆက်မပြတ် တိုးတက်မှုအတွက် (S) သုံးလုံးကို မေ့လို့မရဘူး။

  • Sustainable၊

  • Secure and

  • Sharing တို့လုပ်မှရမယ်။

တိုင်းပြည်မှာ ကိုယ်ချည်းချမ်းသာနေပြီး သူများ မွဲနေတာက အဖြေမဟုတ်၊ ဒါမျှ ဝေမှုမရှိဘူးလို့ ပြောရမယ်။ လူတွေပါလာဖို့အတွက် မျှဝေဖို့လိုတယ်။ ဒါကြောင့် ဒီသုံးမျိုးကို လုပ်ကြပါလို့ ပြောချင်တယ်။ ရန်ကုန်အမျိုးသားကဇာတ်ရုံတွင် ယခုလ ၁၅ ရက်က Strategy First Institute ၏ လေးနှစ်ပြည့် အဖြစ်ကျင်းပသော Strategy First Forum (2015) တွင် နိုင်ငံတော်သမ္မတ၏အကြံပေးပုဂ္ဂိုလ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က Responsible Business Conduct ခေါင်းစဉ်ဖြင့်ဟောပြောခဲ့သည်များမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

ပါမောက္ခဒေါက်တာအောင်ထွန်းသက်

#CreditMa Win Win Thant