The Grand Will တဲ့ ဘိုပြောရပါ့။ ထည်ဝါသောဆန္ဒ။ အဲလိုကြီးတိုက်ရိုက်ဆော်ထဲ့လိုက်တော့လည်းမလှပြန်ဘူး။ မသိဘူးဗျာ။ ကြိုက်တာလေး အဆုံးသတ်ခါနီး ပြန်ရှိုက်လိုက်မိလို့ ဖေါက်သည်ချလိုက်တာ။

Victor Hugo ဆိုတဲ့လူကလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက်တုန်းကပြောဖူးတယ်။ အချိန်တန်သွားပြီဆိုတဲ့ စိတ်ကူးတစ်ခု (idea) လောက်အင်အား ပြင်းလွန်းတာ ဘာမှမရှိဘူး တဲ့။

ကျတော်တို့ ဘယ်လိုပုံစုံနေသွားချင်လည်းဆိုတဲ့ စိတ်ကူး ပဲပေါ့။ Vision ထက်ပိုပြီး ဂရုစိုက်ရမှာ ဘာများရှိမတုန်း။ U Theory မှာ အောက်ခြေလေးမှာ ကျတော်တို့ ဘယ်လိုနေချင်တယ် ဆိုတဲ့ ဆန္ဒလေးက အသွင်ပြောင်းပေးလိုက်တဲ့ အဆင့်မှာပေါ်လာတာပေါ့။ တကယ့်ဖြစ်နေ ပျက်နေတဲ့ ပကတိအမှန်တရားတွေကို နက်ရှိုင်းစွာခံစားနားလည်ပြီးမှ (ဒီနေရာမှာ သဘားတရောတွေ ဝေဖန်စောကြောတာတွေ မပါစေနဲ့အုံး) ပြဿနာ ကိုကျနော်တို့ ဘယ်လိုပုံစံနဲ့ ပြန်လည်အဆက်အသွယ်ဖြစ်စေချင်သလဲ ကို စတင် ပုံဖေါ်နိုင်မှာ။

Sensing ကနေ Presencing အဆင့်ကို ကူးလိုက်ချိန်မှာတော့ ဘာတွေက ဖြစ်နိုင်ချေရှိမလဲဆိုတာ ပွင့်သွားပြီ။ ဒါဆိုငါတို့ ဘယ်လိုအနာဂါတ်ကိုဖန်တိးကြမလဲဆိုတာ မေးခွန်းထုတ်လာပြီ။ ဒီနေရာမှ we ဆိုတာက ပိုမိုကျယ်ပြောသော We ပါတဲ့။ သတိပေးလိုက်သေးတယ်။ အဲသလို အတူတူခံစားပြီး အနာဂါတ်ပုံရိပ်တစ်ခုကို အတူတူလှမ်းမြင်လိုက်ကြတဲ့အခါ အားအင်တွေရလာပြီး U ရဲ့အပေါ်ကို ပြေးတက်ဖို့ပဲပေါ့။

ပြောင်းပြန်ဖြစ်နေတတ်ကြတာက ဒီလို Vision (အတူတူမြင်ယောင်ပြီး ရအောင်ဖန်တီးယူကြမယ်ဟေ့လို့ ဆန္ဒတွေသီထားတဲ့ပုံရိပ်) ကို U ရဲ့ ဘယ်ဖက်အခြမ်းအပေါ်ပိုင်းမှာကတည်းက စိတ်ကူးကောင်းတဲ့ (ခေါင်းဆောင်ဆိုသူ) တစ်ယောက်စ နှစ်ယောက်စ လောက်ကပဲ အတွေးကောင်းကောင်းနဲ့ ချရေးထားတဲ့ Vision တွေဖြစ်နေကြတယ်။

ဒါကြောင့် ဦးဆောင်စီမံခန့်ခွဲရေးအဖွဲကလောက်ကပဲ စိတ်ကူးကောင်းကောင်းနဲကပုံဖေါ်ရေးဆွဲထားတဲ့ Visions တွေဟာ အပိုင်းအပြတ်လောက်ပဲ နားလည်သိထားတဲ့ အမြင်တစ်ခုကထွက်လာတာပေါ့။

လူတွေအတူတူခံစားပြီး ငါတို့ဒီပြဿနာကြီးကိုအတူတူတွန်းလှန်မှရတော့မှာပေါ့လို့ ခံစားပြီးမှ တလှိမ့်လှိမ့်တက်လာတဲ့ ဇောတွေကသာ အခန်းတစ်ခုလုံးမှာ ထူးခြားတဲ့ ခံစားချက်မျိုးကိုဖြစ်စေပြီး ဒီလိုအခြေနေကပေါ်ထွက်လာတဲ့ vision ကမှ ယုံကြည်ကိုးစားစရာဖြစ်မယ်။ ရှင်းရှင်းလင်းလင်းကြီးတော့ ခင်ဗျား မြင်ချင်မှမြင်မယ်၊ ဒါပေသိ အားကြီးတဲ့ အလိုဆန္ဒတစ်စုံဟာ အားလုံးရဲ့ရင်ထွက်ကနေဖြာထွက်လာတဲ့ ဖြစ်တည်မှု (Presence of this larger intention) ကို ခင်ဗျား ခံစားလို့ရမယ်။ အဲဒီအပေါ်မှာ ကျတော်တို့ ဝိုင်းလုပ်ကြယုံပ။

တကယ့် vision ဟာ ဖုံးဝှက်မထားဘူး။ ဖန်တီးထုတ်လုပ်ထားတာမဟုတ်ဘူး။
ကဲ ဘယ်လောက်ခမ်းနားထည်ဝါလှသလဲ။
အားလုံးရဲ့နက်ရှိုင်းသော ခံစားနာလည်မှု နဲ့ အတူရှိမှုတွေကနေ ဆန္ဒတစ်စုံကိုအတူတူ အိမ်မက် မိက်လိုက်ကြသောအခါ …
Vision တဲ့ဗျာ။

ကျနေ်ာတို့လည်း vision အားကောင်းအောင်လုပ်ဖို့နည်းနည်းလိုနေသေးတာလား။
ရှိရက်နဲ့ ခေါင်းဆောင်ဆိုတဲ့ လူတစ်ယောက် နှစ်ယောက်လောက်ကပဲ ဖတ်တီးထားတဲ့ vision နောက် ဘုမသိဘမသိလိုက်ရင်းမောနေကြတာလား။

Otto တို့အုပ်စုလေရှည်တာ သိပ်စိတ်မရှည်လို့ ကြားအခန်းတွေဖေါက်သည်မချဖြစ်ပါဘူး။ အခုတော့ U ကအပေါ်စတက်တော့မယ်။ Crystallizing intent ဆိုတဲ့နောက်အခန်းလေးလည်း ကောင်းတာတွေ့ရင် ပြောပါ့မယ်။

ဆရာဘို Facebook မှ ကူးယူဖော်ပြသည်