လူတိုင်းမှာအမှားရှိနိုင်ပါတယ် Error မှာ နှစ်မျိုးရှိတယ်။ Commission ကိုယ်လုပ်တဲ့အမှားရယ်။ Omission ကိုယ်မလုပ်မိတဲ့အမှားရယ်လို့ ရှိပါတယ်။

Sins of Omission မှာ We are fail တဲ့ (လုပ်တဲ့အမှားကြောင့်မဟုတ်ဘဲ မလုပ်မိတဲ့ အမှားကြောင့်လို့ ဒေါက်တာမောင်မောင်ရေးတဲ့ စာအုပ်မှာ သုံးသပ်ထားတယ်။) ပညာရှင်က နိုင်ငံရေးနဲ့မရောပါစေနဲ့။ Justify မှန်ကန်ကြောင်းသက်သေပြတော့ အုပ်ချုပ်တဲ့လူမကြိုက်တာကို မပြောရဲတာတွေက မလုပ်တဲ့အမှားတွေဖြစ်တယ်။

Moral courage သတ္တိရှိရမယ်။ အားနာတာနဲ့ ( culture) justify လုပ်တယ်။ မပြောမိတဲ့အမှားမဟုတ်ဘဲ ပြောတဲ့အမှားပဲ ဖြစ်စေချင်ပါတယ်။ Paradigm Shift ဆိုတာ အတွေးခေါ်ပြောင်းဖို့လိုတယ်။ GDP တိုးလာရင် တိုင်းပြည်တိုးတက်လာမယ်လို့ ထင်နေကြတယ်။ တကယ်တော့ GDP တိုးဖို့လိုအပ်တယ်။ ဒါပေမယ့် မလုံလောက်သေးပါဘူး။

Human Development (လူတွေတိုးတက်မှနိုင်ငံတိုးတက်မယ်) Necessary not sufficient လိုအပ်တယ် ဒါပေမယ့် မပြည့်စုံသေးပါဘူး။ GDP တက်မှတိုင်းပြည်တက်မယ်ဆိုတာ လက်မခံကြတော့ဘူး။ Politic လို့ပြောရင် … နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုကိုလည်း လေ့လာရမယ်။ တသက်လုံးလေ့လာလိုက်စားသူ Learner ဖြစ်အောင်လုပ်ပါ။

Transformational Leadership က အဆင့် (၇) ဆင့်ထဲမှာ ကိုယ်ဘယ် အဆင့်ထဲရောက်လည်းစဉ်းစားကြည့်ပါ။

Leader ဆိုတာဟာ မွေးရာပါအရည်အချင်း မဟုတ်ဘူး။ Differentiate Leader မှာ သူစဉ်းစားပုံအတွေးအခေါ်ပေါ်မူတည်တယ်။ ပတ်ဝန်းကျင်မှာဖြစ်နေတာတွေကို ဘယ်လို Interpret ဖော်ပြလဲ။ ကိုယ့်ကိုထိခိုက်ရင်ဘယ်လို react တုန့်ပြန်လဲ။ Personal understanding ကိုယ့်အကြောင်းကိုသိဖို့နဲ့ reaction ကို transform လုပ်လို့ရပါတယ်။ သူများကိုလည်းပြောင်းပေးပါ။

(၁) Opportunist က အခွင့်ရေးယူသူ

(၂) Diplomat ရင်ထဲရှိတာကိုမြိုသိမ့်ထားနိုင်သူ မိမိစိတ်ဆန္ဒကိုထိန်းနိုင်သူ

(၃) Expert ကျွမ်းကျင်သူ

(၄) Achiever အောင်မြင်မှုရအောင်လုပ်တတ်သူ

(၅) Individualist တကိုယ်ရေအရေးကိုကြည့်သူ

(၆) Strategic ရှေ့ကိုမြင်နိုင်သူ

(၇) Alchemist မရှိတာကိုရှိအောင်ဖန်တီးသူ

ဒီ ၇ ချက်ဟာအခြေအနေတခုဆုံလိုက်တာနဲ့ ၁ မှ ၂ ၊ ၂ မှ ၃ ၊ အဆင့်၂ ဆင့် တက်ဖို့လိုတယ်။ ၁ မှ ၃ ဟာ ၄  ထက်အားနည်းတယ်။ နောက် ၃ ခုက အားကောင်းသူလို့သတ်မှတ်တယ်။

၁။ ကယုံကြည်မှုအားနည်းသူဖြစ်တယ်။ Ego များသူဖြစ်တယ်။ manipulate လူလည်ကျတတ်သူ ဖြစ်တယ်။ အောက်ကလူတွေမတည့်အောင်လုပ်ပြီး ကိုနိုင်ဖို့ဘဲစဉ်းစားတယ်။ အသာစီးရဖို့ကြိုးစားတယ်။ ထိန်းချုပ်ချင်တယ်။ လူတိုင်းကိုပြိုင်ဖက်လို့မြင်တယ်။ မဟုတ်တာလုပ်တာကိုမှန်တယ်လို့ထင်တယ်။ ကိုလည်းမလုပ်နဲ့ ကိုယ့်ကိုလည်းလာမလုပ်စေနဲ့။

လုပ်ငန်းတခုမှာအအောင်မြင်ဆုံးက Feedback၊ ဌာနမှာမကောင်းရင်ကိုယ်ဘဲလို့သတ်မှတ်။ လူတယောက်ကိုသရော်ပြီးမအုပ်ချုပ်ပါနဲ့။ ဖြစ်မှရှင်းသူ firefighter။ Self Aggrandizing။ ဥပဒေကိုချိုးဖောက်သူ

၂။ Diplomat အမျိုးအစားက အမြဲစကားကိုချိုသာအောင်ပြော၊ ဖာသိဖာသာနေတတ်တယ်။ အပေါ်ကလူကြီး ကိုယ်နဲ့မဆိုင်သလိုနေ၊ ဘယ်သူပြောပြော အင်း..လိုက်တာ။ အလုပ်ကိုသပ်သပ်ရပ်ရပ်လုပ်တတ်တယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းအောင်နေတယ်။ အများတွက်ကောင်းအောင်လုပ်နိုင်၊ အဲဒါက junior levelဘဲကောင်းတယ်။ top level မှာမကောင်းဘူး။ polite လည်းဖြစ်တယ်။ ဖြစ်နေတာကိုမပြောရဲတဲ့သူ။ အဆောင်ယောင်တွေကြိုက်တယ်။ အစည်းအဝေးတွေမလုပ်တတ်သူ။

၃။ Expert အမျိုးအစားက ဘက်စုံစဉ်းစားတတ်သူဖြစ်တယ်။ ကိုယ့်ကျွမ်းကျင်မှုကို ကြေနပ်နေတဲ့သူ ကိုယ့်ပညာနဲ့လုပ်စားတတ်သူတွေ data တွေကြိုက်တယ်။ efficiency နဲ့ မန်နေဂျာဖြစ်ရင်ခက်တယ်။ ( ငါပဲ မှန်တယ်ထင် သူသိသူတတ် Negotiate လုပ်လို့မရ)။ Debate တွေမလုပ်ပါနဲ့ Dialogue ပဲလုပ်။

၄။ Achiever အမျိုးအစားက အရာရာကို challenges လုပ်တတ်တယ်။ challenges or supported လုပ်၊ ပင်ပန်းတာကြိုးစားတာထက် result ကိုပြောတဲ့သူ။ Inclusive မဖြစ်တော့ ဌာနကလူတွေအကုန်မပါဘူး။ outside of the box ရအောင်ကြိုးစားပါ။ ကပ်သီးကပ်သတ်စဉ်းစား။ Intermediate နဲ့ Long term ကိုစဉ်းစားပါ။

၅။ Individualist အမျိုးအစားက သူများနဲ့စဉ်းစားရမှာ clash ရှိပေမဲ့သူများလိုစဉ်းစားတတ်တယ်။ မူကိုဆုတ်ကိုင်ထားရင် Conflict ဖြစ်နိုင်တယ်။ Potential conflict နဲ့ tension ရှိနိုင်တယ်။ လူကြီးတွေလုပ်ဖော်ကိုင်ဖက်တွေနဲ့မတည့်တာမျိုး ရှိတယ်။ လုပ်ကိုင်တာတော့ထူးခြားတဲ့သူဖြစ်တယ်။

၆။ Strategist အမျိုးအစားက အဝေးကိုကြည့်သူဖြစ်တယ်။ တကယ်လိုအပ်တယ်။ conflict ကိုလက်ခံ၊စဉ်းစားနိုင်တယ်။ Resistance ရှိနိုင်တယ်။ တဦးချင်းတယောက်ချင်းရော နိုင်ငံတကာကိုရော စိတ်ဝင်စားတတ်သူဖြစ်တယ်။

၇။ Alchemist .အမျိုးအစားက Renew လုပ်နိုင်တယ်။ ဘုရင်တွေနဲံလည်းစကားပြောတတ်ပြီး လူတွေနဲ့လည်းဆွေးနွေးနိုင်တဲ့သူဖြစ်တယ်။ လက်ရှိပြသာနာကိုဖြေရှင်းချိန် အနာဂတ်ကိုလည်းကြည်နိုင်တယ်။ အေးအေးဆေးဆေးနဲ့လုပ်ကိုင်နိုင်တယ်။ moral standard ဖြစ်ဖို့လိုတယ်။ ချမ်းသာဖို့ထက် အမှန်တရားကိုချစ်တဲ့သူဖြစ်ရမယ်။ ကို့ဖက်ပါဖို့က heart and mind ရောပါဖို့လိုတယ်။ (ဦးနှောက်အပြင်နှလုံးသားပါပါဖို့လို)။ အားလုံးဟာ fixed မဟုတ်ဘူး။ evolved leader ဖြစ်အောင်ကြိုးစားကြပါ။

 

(Prof. Dr. Aung Tun Thet Lecture)

MBA Knowledge Network