မည်သည့်ဘာသာရပ် မည်သည့်ပညာကို သင်ကြားသည်ဖြစ်စေ၊ တစ်ဦးတယောက်ထက်ပို၍ သင်ကြားရတော့မည် သို့တည်းမဟုတ် အလုပ်များ၌သော်လည်းကောင်း ကုမ္ပဏီများ၌သော်လည်းကောင်း အုပ်စုလိုက် လုပ်ကိုင်ရတော့မည်ဆိုပါက မိမိကိုယ်ကို သိရှိခြင်း မိမိကိုယ်ကို နားလည်ခြင်း မိမိကိုယ်ကို ခေါင်းဆောင်ခြင်းစသည့် ဘာသာရပ်များအပြင် အသင်းအဖွဲ့လိုက် အလုပ်ကို လုပ်ကိုင်နိုင်သော စိတ်ဓာတ်များကိုပါ မွေးမြူနိုင်ရမည်။ ဤသည်ကို နှလုံးသားဖြင့် စတင်အလုပ်လုပ်ခြင်း သို့မဟုတ် အများအပေါ် ခံစားနားလည်ခြင်းဟုခေါ်သည်။ ထို့ကြောင့် သက်မွေးပညာရပ်များဖြစ်သည့် လက်တွေ့လုပ်ဆောင်ခြင်းနှင့် စဉ်းစားတွေးခေါ်ခြင်းစသည်ကို မသွားမီ ခံစားချက်ကို အဓိကဖော်ထုတ်ပေးသော အသင်းအဖွဲ့တည်ဆောက်ခြင်း သင်တန်းကို ရှေးဦးစွာပေးလေ့ရှိပါသည်။ ယခုတွင်လည်း ပထမအကြိမ်ပြုလုပ်မည့် ဝရိန်သင်တန်းသားများအတွက် အသင်းအဖွဲ့တည်ဆောက်ခြင်းကို ဆရာသိန်းစိုးနှင့်အတူ သင်တန်းပေးခဲ့ပါသည်။ အောက်ပါသော အကြောင်းအရာများဖြစ်သည်။

 

သင်တန်းခေါင်းစဉ်ကို မိတ်ဆက်ခြင်း

ဘောလုံးပစ်ကစားနည်းဖြင့် နာမည်ကို မိတ်ဆက်သည်။ မိမိထံ ဘောလုံးရောက်လာလျင် မိမိ၏အမည်၊ မိမိ၏နေရပ်လိပ်စာနှင့် မိမိ၏ ဝါသနာကို ပြောစေသည်။ နာမည်နဲ့မိတ်ဆက်ပြီးသည့်နောက် မိမိကို ခေါ်စေလိုသော အမည်ကို မိမိ၏ တမူထူးခြားသော အမူအရာဖြင့် ထပ်မံ၍ မိတ်ဆက်စေသည်။ ထိုတွင် ရှင်းလင်းပြတ်သားမှုနှင့် ခေါ်ရလွယ်မှုကို ဦးစားပေး၍ မိတ်ဆက်စေသည်။ ပြီးလျင် အနီးစပ်ဆုံး နှစ်ယောက်တွဲစေပြီးသည်။ ထို့နောက် မိမိအကြောင်းနှင့် တဖက်သားအကြောင်းကို ပြောစေသည်။ ထိုပြောသည့် အကြောင်းများမှာ မိမိမကြိုက်သော အပြုအမူ၊ မိမိကြိုက်သော အပြုအမူ၊ ရည်ရွယ်ချက်၊ အဖြစ်ချင်ဆုံးဆန္ဒနှင့် မိသားစုအကြောင်းကိုပါ တပါတည်း ထည့်ဝင်စေသည်။

မျှော်လင့်ခြင်းသစ်ပင်

ဤ Team Building သင်တန်းသို့ တက်ရောက်ခြင်းဖြင့် ရရှိလာနိုင်သော မျှော်လင့်ချက်များကို မေးသည်။ ထို့နောက် သင်ယူမှုအကြောင်း မိတ်ဆက်သည်။ သင်ယူမှုတွင် တိုက်ရိုက်သင်ယူမှု၊ စာတွေ့သင်ယူမှုနှင့် အတွေ့အကြုံအားဖြင့် သင်ယူမှုဟူ၍ သုံးမျိုးရှိသည်။

Challenge Game (Duck Walk) မှ သင်ယူရရှိမှု (ကစားချိန် ၀၀၁၀ နာရီ)

တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်နေသော ဆက်ဆံရေးက အရေးကြီးသည်။ မိမိတို့လူ့အဖွဲ့အစည်းတွင် မိမိတစ်ဦးတည်း တတ်မြောက်၍ မိမိတစ်ဦးတည်း သိနေစေကာမူ အများနှင့် ပူးပေါင်းဆွေးနွေး နှီးနှောတိုင်ပင်ကာ လုပ်ဆောင်သင့်သည်။ တူညီသော ဘာသာစကားနဲ့ နားလည်လွယ်သော ဘာသာစကားကို ပိုမိုသုံးနှုန်းသင့်သည်။ ဦးဆောင်နေသူကလည်း မိမိကိုယ်ကို မိမိယုံကြည်မှုရှိနေသင့်သည်။ ဦးဆောင်တတ်ဖို့လည်း လိုသည်။ အဖွဲ့အတွင်းမှဖြစ်စေ၊ ဘေးမှ ရပ်ကြည့်နေသူက ဖြစ်စေ ပေးသောအကြံဉာဏ်ကို လစ်လျူမရှုဘဲ ပြန်လည်သုံးသပ်သင့်သည်။ သုံးသပ်ပြီးနောက် မိမိအတွက် အသုံးဝင်လျင် အသုံးဝင်ကြောင်း အသုံးမဝင်လျင်လည်း အကြံပေးသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် နောက်နောင် အလျဉ်းသင့်လျင် သုံးမည့်အကြောင်း ပြောရပါမည်။

မိမိအပ်မက်ကို ပုံဖော်ခြင်း

ပြုလုပ်ပုံ။          ။ ဝလုံးသဏ္ဍာန် ဝိုင်းထိုင်စေပြီးသကာလ စာရွက်တစ်ရွက်ဝေ၍ ထိုစာရွက်ပေါ်တွင် မည်သည့်စကားမှ ပြောမနေတော့ဘဲ စက္ကန့်သုံးဆယ်စာ မိမိဆွဲလိုသည့်ပုံကို အစပျိုး၍ စက္ကန့်သုံးဆယ်ပြည့်လျင် တဖက်သို့ကမ်းသည်။ ထိုအတိုင်းလုပ်သွားပြီးသည့်နောက် နောက်ဆုံးမိမိပုံ မိမိထံပြန်ရောက်လာသည့်အခါ မိမိမျှော်လင့်ထားသည့်အတိုင်း ဖြစ်မဖြစ်မေးသည်။ ဒုတိယအကြိမ်တွင် တယောက်ချင်းစီ မိမိစာရွက်၌ မိမိဆွဲလိုသည့်အကြောင်းကိုပြောစေသည်။ ထိုနောက် ယခင်အတိုင်းပုံကို ဆွဲစေသည်။ မိမိထံပြန်အရောက်တွင် မိမိလိုချင်သည်နှင့် ထပ်တူကျမှု ရှိမရှိမေးသည်။

သင်ခန်းစာ။       ။ မိမိအိပ်မက်ကို သူတပါးအား ပြောမပြထားပါက တပါးသူက ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ မရည်ရွယ်၍ ဖျက်ဆီးပစ်နိုင်သည်။

မေးခွန်း။            ။ မိမိအိပ်မက်က ဘာလို့ တပါးသူဆီ ရောက်သွားသလဲ။

အဖြေ။             ။ မိမိအိပ်မက်ကို မိမိကိုယ်တိုင် သေချာပုံမဖော်လို့။

သတိထားမိသောအချက်။           ။ မိမိစိတ်ကူးစိတ်သန်းကို အကြာကြီး ဆုပ်ကိုင်မထားသင့်။ ချက်ချင်း ပုံဖော်သင့်သည်။

အများနှင့်လုပ်ဆောင်ရသည့်အကျိုူး။      ။ အများနှင့်လုပ်သည့်အလုပ်က ပြီးလွယ်သည်။ မှားခဲ့လျင်တောင်မှ အဖွဲ့အပေါ် အပြစ်ကျသဖြင့် ခံသာသည်။ အများနှင့် လုပ်ခြင်းအားဖြင့် ဝန်မပိ။ သေချာစေ့စပ်မှု ရှိသည်။

အများနှင့် လုပ်လျင် ထားရမည့် အသိ။      ။ အလုပ်မဖောင်းပွအောင် အချောင်သမား ဝင်မလာအောင် တာဝန်ယူမှု တာဝန်ခံမှုရှိအောင် ဆုံးဖြတ်ခွင့်ရှိသူများ ရွေးထားရမည်။ နားလည်မှု၊ ပွင့်လင်းမှု၊ ပူးပေါင်းမှူရှိရမည်။ ကူညီချင်စိတ်၊ စေတနာ၊ တိုင်ပင်ဆွေးနွေးမှုရှိရမည်။ အဖွဲ့အစည်းနှင့် အလုပ်လုပ်လျင် သူသာ၏ ငါသာ၏ စသဖြင့် ငြင်းခုံမနေရပါ။ နာကျင်မှု ဖြစ်စေ၊ အောင်မြင်မှုဖြစ်စေ ဝေမျှပေးရပါမည်။ စည်းလုံးညီညွတ်မှုက အစဉ်အမြဲရှိနေရမည်။

Challenge Game (Vampire Game) သင်ခန်းစာ (ကစားချိန် – ၀၀၃၀ နာရီ)

အချင်းချင်း သံသယများလေလေ အလုပ်က ပျက်စီးလွယ်လေလေဖြစ်မည်။ အဖွဲ့က ပျက်စီးသွားလျင် မိမိကိုယ်တိုင်လည်း ပျက်စီးမှန်းမသိ ပျက်စီးသွားနိုင်သည်။ အဖွဲ့အစည်းအတွင်း သံသယဝင်စရာတစ်ခုခု တွေ့လျင် ချက်ချင်းဖြေရှင်းသင့်သည်။ ထိုသို့ဖြေရှင်းသည့်အခါ ခေါင်းဆောင်ကို ချန်ထားခြင်း၊ လက်အောက်ငယ်သားကို လှပ်ထားခြင်းစသည့် ချန်လှပ်မှုများ၊ အားနာမှုများ မပါရှိစေရ။

Challenge Game (ဆင်ကန်းတောတိုး) ကစားချိန် ၀၀၂၀ နာရီ

အဖွဲ့အစည်းတိုင်းတွင် ခေါင်းဆောင်မှ မဟုတ်ဘဲ အဖွဲ့အစည်းတွင် ပါဝင်သူတိုင်း တာဝန်ရှိသည်။ အဖွဲ့အစည်းအတွင်း တယောက်မှ ပျက်ကွက်လိုက်သည်နှင့် အဖွဲ့အစည်းက ယိုင်လာတတ်သည်။ တယောက်နဲ့ တယောက် ဆက်သွယ်ဆက်ဆံရေးမှာ ရင်းနှီးနေဖို့လိုသည်။

F.S.N.P အဖွဲ့အစည်းတိုင်း ရှိရမည့်အဆင့်

F= Forming = စတင်ဖွဲ့စည်းစဉ်ကတည်းက ရည်ရွယ်ချက်ထားရှိရမည်။

S= Storming = လှုပ်ရှားမှုများ လုပ်ဆောင်နေရမည်။

N = Normaling  = လှုပ်ရှားမှုများ တစစနဲ့ ပုံမှန်ဖြစ်လာရမည်။

P= Perfounding = အရည်အသွေးများ ပြည့်ဝလာမည်။

3 Kind Of Power

Power Over အဖွဲ့အစည်းအတွင်း ရပိုင်ခွင့်ကို မိမိတစ်ဦးတည်းအတွက် အသုံးချခြင်း၊ စွမ်းရည်ကို အလွဲသုံးစားလုပ်ခြင်း၊ တသွေးတသံဖြင့် ပြောဆိုစေခိုင်းတတ်ခြင်း။

Power Sharing လုပ်ပိုင်ခွင့်များကို ခွဲဝေခြင်း၊ အားလုံး၏ အကြံဉာဏ်များကို လက်ခံခြင်း၊ ပူးပေါင်း လုပ်ဆောင်ခြင်း။ အလုပ်အားလုံးကို ညှိနှိုင်းပြီးမှ ဆောင်ရွက်ခြင်း။

Power Within လိုအပ်ပါက ခံနိုင်ရည်ကုန်သည်အထိ မိမိအစွမ်းကို ထုတ်သုံးခြင်း။

ဤအခွင့်အာဏာ (သို့မဟုတ်) အစွမ်းကို မျှသုံးပါမှ အဖွဲ့အစည်းတွင် အောင်မြင်မှုရရှိနိုင်သည်။

 

စသဖြင့် အသင်းအဖွဲ့တည်ဆောက်ခြင်းဆိုင်ရာ သင်တန်းကို ကိုသိန်းစိုး မှ သင်တန်းသားပေါင်း (၂၆) ဦးအား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (     ) ရက်မှ (      ) ရက်အထိ (      ) ရက်တိုင်တိုင် သင်ကြားပေးခဲ့သည်။

သင်တန်းသားများမှာ နောင်တောင်းပရဟိတ တပ်ဦးကျောင်းတိုက်တွင် နောက်နောင် သက်မွေးပညာရေးသင်တန်းကျောင်းတွင် သင်တန်းဆရာအဖြစ် ဆက်လက်နေထိုင်သွားမည့်သူများအဖြစ် သတ်မှတ်ထားသော သင်တန်းသား ၇ ဦးနှင့် ထပ်မံတက်ရောက်လာသော သင်တန်းသားအသစ် ၁၉ ဦးပါဝင်သည်။ ထိုတွင် နောင်တောင်းပရဟိတတပ်ဦးကျောင်းတိုက်မှ သင်တန်းသားပေါင်း ၁၅ ဦး၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့မှ သင်တန်းသား ၃ ဦး၊ ရှမ်းမြောက် ကျောက်မဲမှ သင်တန်းသားတစ်ဦးလည်း ပါဝင်ခဲ့သည်။ နောင်တောင်းပရဟိတတပ်ဦးကျောင်းတိုက်မှ သင်တန်းသားများဖြစ်သည့် သင်တန်းသားဟောင်း ၇ ဦးနှင့် သင်တန်းသားသစ် ၁၅ ဦး ၊ စုစုပေါင်း (၂၂) ဦးတို့၏ နေရပ်များမှာ ဟိုပုံးမြို့နယ် ရွာနှစ်ရွာမှ ၂ ဦး၊ ဆီဆိုင်မြို့နယ် ရွာပေါင်း ၇ ရွာမှ ၈ ဦး၊ ကျောက်တလုံးကြီးမြို့နယ် ရွာနှစ်ရွာမှ ၃ ဦး၊ တောင်ကြီးမြို့နယ် ရွာနှစ်ရွာမှ ၃ ဦး၊ ကလောမြို့နယ် ရွာနှစ်ရွာမှ ၂ ဦး၊ လွိုင်လင်မြို့နယ်မှ တစ်ဦး၊ ဖယ်ခုံမြို့နယ်မှ တစ်ဦး၊ နမ့်စန်မှ တစ်ဦး၊ မိုင်းကိုင်မြို့နယ်မှ တစ်ဦးတို့ဖြစ်သည်။

 

စဉ် မြို့နယ် သင်တန်းသား ရွာပေါင်း ရွာအမည် မှတ်ချက်
ဟိုပုံး ထမ်းဖရား၊ နောင်ဗုံ  
ဆီဆိုင် နောင်ဗင်၊ နောင်အယ်၊ ကောင်ဝိန်း၊ တန့်ထန်း၊ တွေပူး၊ ထီထုဲင်းထိုး  
ကျောက်တလုံးကြီး ထီထပ်၊ လွယ်သော၀်၊ ဒုံအုံ  
တောင်ကြီး မြေနီ၊ မောက်စံ  
ကလော ကျောက်ဆောင်မြေခြား  
လွိုင်လင် ကောင်ယံ  
ဖယ်ခုံ လန်ကော  
နမ့်စန် လွယ်ကြံ  
မိုင်းကိုင် လုပ်တောင်း  
၁၀ ကွန်ဟိန်း ကာလိမြို့ Observer
၁၁ ကျောက်မဲ ကျောက်မဲ Observer
  ၁၁ မြို့နယ် ၂၆ ဦး ၂၁ ရွာ