မှတ်ဉာဏ်ကောင်းချင်လျှင်

သင်္ဂါရဝဆိုတဲ့ ပုဏ္ဏားကြီးက ဘုရားကို ဗေဒင်ကျမ်းတွေသင်ယူထားပေမယ့် မေ့ကုန်တယ် ပျောက်ကုန်တယ် ဘာကြောင့်ပါလဲဘုရားတဲ့။ မြတ်စွာဘုရားက ရှင်းရှင်းလေး ဥပမာ ပေးထားတာရှိတယ်။ မိမိရုပ်သွင် ကိုဘာနဲ့ကြည့်လဲ ရှေးတုန်းက မှန်မရှိလို့ ရေခွက်ထဲရေထည့်ပြီး အရိပ်ပေါ်လာတာကို ကြည့်တယ်။ ဘာလို့အရိပ် ထင်တာလဲမေးလို့ရှိရင် ရေဟာပကတိကြည်လင်နေလို့ပဲ။ ဒါကို ဘုရားက ဥပမာပေးထားတယ်။ ကိုယ့်စိတ်ကလေးကို ရေလို သဘောထားကြည့် (၁) အရောင်ဆိုးထားတဲ့ရေလို ကိုယ့်စိတ်ဟာလည်းပဲ အရောင်ဆိုးခံထားရပြီဆိုရင်တော့ သင်ထားတဲ့ စာတွေဟာပေါ်လာမှာ မဟုတ်ဘူး။ (၂) နောက်တစ်ခုက ရေဆိုတာငြိမ်နေဖို့လည်း လိုတယ်။ ငြိမ်မှ အရိပ်ထင်သလို… Read More

ဆရာစိတ်ဓာတ်ဆိုတာ

ဆရာတယောက်ဟာ သူဘာသင်လဲဆိုတာထက် သူက ဘယ်လိုဆရာဖြစ်တယ်ဆိုတာ ပိုအရေးကြီးတယ် “What the teacher is, is more important than what he teaches.” ဆိုတဲ့ အမေရိကန်စိတ်ရောဂါအထူးကုပညာရှင် Karl Menninger ရဲ့စကားဟာ ဆရာတွေအတွက် တန်ဖိုးရှိတဲ့စကားတခွန်းပါပဲ ။ ကျမတို့မြန်မာတွေဟာ ဆရာတွေကို မိဘနဲ့တန်းတူ အနန္တောအနန္တဂိုဏ်းဝင်ကျေးဇူးရှင်လို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် အဲလိုသတ်မှတ်ခံလိုက်ရတာနဲ့ ဆရာဆိုတာ ကျေးဇူးရှင်ဖြစ်သွားတယ်လို့ ကျမမထင်မိပါဖူး။ ဆရာကောင်းတယောက်ဖြစ်မှသာ အဲဒီဂုဏ်ထူးနဲ့ ထိုက်တန်တာပါ။ ဆရာကောင်းတယောက်ဖြစ်ဖို့ စာသင်ကောင်းတာအပြင် ကျမတို့… Read More