သင့်ရှေ့မှောက်က အစားအစာ

မြေပဲဆီသုံးတာပဲ။ ဘာလို့ရောဂါထူနေကြပါလိမ့်? အဖြေကတော့မြေပဲကြားမှာရှိနေတဲ့မှိုကြောင့်ပါ။ ဒါမနှစ်ကမြေပဲပါ။ အပြင်ပန်းကတော့သန့်ပြီးလှနေတာပဲ။ ခွဲကြည့်လိုက်တော့အထဲမှာ မှိုတွေအပြည့်ပဲ။ ဆီစက်ကတော့ ဒီလိုခွဲကြည့်မှာမဟုတ်ပါဘူး။ အလုံးသန့်သန့်ရွေးပြီး ဒီအတိုင်းကြိတ်လိုက်မှာပါ။ ဘယ်လောက်ပင်သန့်ပေမယ့် မနှစ်ကမြေပဲမို့အထဲမှာမှိုလိုက်နေပါပြီ။ မြေပဲအသစ်မှသာ ဒီပြဿနာကင်းနိုင်မှာပါ။ တနှစ်စာကြိတ်ထားပါမှစိတ်ချရပါမယ်။ ငယ်ငယ်တုန်းက မြေပဲပေါ်ချိန်ဆို အလုပ်ရှုပ်ပါတယ်။ မြေပဲလှန်း ၊ မြေပဲသိမ်းရတာ ကိုယ်တွေအငယ်တသိုက်က တာဝန်ကျတာကိုး။ အဖိုးတို့ကဆီကိုတနှစ်စာ ကြိတ်ပြီးရာဝင်အိုးကြီးတွေနဲ့ သိမ်းထားကြတယ်။ အခုကဆီအချိန်မရွေးဝယ်လို့ ရနေတော့မသိမ်းတော့ဘူးပေါ့။ ဒါပေမယ့်အန္တရာယ်ကင်းတဲ့ ဆီမရနိုင်ဘူးဖြစ်သွားတယ်။ ကင်ဆာ ၊ သွေးတိုး ၊ နှလုံး ၊ ဆီးချို စတဲ့ရောဂါဟာ ဒီမှိုတွေကလာတာပေါ့။… Read More

ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းပံ့ပိုးနည်း (၉)

တလောက သင်တန်းတစ်ခု လုပ်ပြီးတဲ့နောက် အစီရင်ခံစာရေးနေတုန်း အိမ်နီးချင်းနိုင်ငံက ပြန်လာတဲ့ ရဟန်းတစ်ပါးက အစီရင်ခံစာထဲထည့်ထားတဲ့ ဓာတ်ပုံတွေကြည့်ရင်း ပြောတယ်။ “မင်းတို့ သင်တန်းခန်းမက ဆွဲဆောင်မှုမရှိဘူး” ဆိုပြီး သူက သင်တန်းခန်းမအတွင်း ဘယ်လိုလုပ်သင့်ကြောင်း ပြောတယ်။ အဲဒါက SEMS က ပြောနေကျ ပုံစံနဲ့ သွားတူတယ်။ စာဖတ်စာပွဲ ပန်းအိုး စာကြည့်တိုက်စတာတွေ ထောင့်တစ်ခုမှာ ရှိနေသင့်တယ်။ စိတ်ပြေလက်ပျောက် ကစားလို့ရတဲ့ စစ်တုရင် ခြင်လုံး ပင်ပေါင် စတဲ့ပစ္စည်းတွေရယ် ဉာဏ်ကစားစေတဲ့ ပစ္စည်းတွေရယ် ခုံလေးတစ်လုံးနဲ့ ထားသင့်တယ်။ နောက်… Read More