သက်မွေးသင်တန်းဆိုတော့ ဘာတွေ သင်မလဲ။

များများစားစား ရည်ရွယ်ထားပေမယ့် လောလောဆယ်မှာတော့ ဆိုင်ကယ်ဝပ်ရှော့၊ ဝရိန်နှင့် ဝါးလက်မှုသင်တန်းတွေပဲ သင်ပေးဖြစ်မှာပါ။ အမျိုးသမီးတွေအတွက် စက်ချုပ်နဲ့ မုန့်လုပ်ငန်းကိုလည်း အနည်းအကျဉ်းထည့်သွားမယ်လို့ စိတ်ကူးထားပါတယ်။
ဘယ်သူတွေပါဝင်ခွင့်ရမလဲ။

နောင်တောင်းကျောင်းမှာ လက်ရှိနေထိုင်တဲ့ ကျောင်းသား ကျောင်းသူတွေပါမယ်။ ပြီးတော့ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်ထဲက ကျောင်းပညာကို ဆုံးခန်းတိုင်အောင် မသင်လိုက်နိုင်တဲ့ လူငယ်တွေကို အထူးသဖြင့် ရည်ရွယ်ထားပါတယ်။
စားသောက်နေထိုင်စရိတ်နဲ့ သင်တန်းကြေးက ဘယ်လိုလဲ။

သင်တန်းကို လာရောက်တဲ့ မည်ကဲ့သို့သော သင်တန်းသားမျိုးမဆို စားသောက် နေထိုင်စရိတ်ကို နောင်တောင်းပရဟိတကျောင်းနဲ့အတူ ဒီအဖွဲ့ကပဲ အကုန်အကျခံမှာပါ။ သင်တန်းကြေးလည်း မပေးရပါဘူး။ သင်တန်းကို ပြီးဆုံးအောင် တက်ဖို့ပဲ လိုတာပါ။
အခြားဝန်ဆောင်မှုတွေကော ပေးသေးလား။

သင်တန်းသားတွေကို တကယ့်လုပ်ငန်းခွင်လေ့လာရေးနဲ့ သီးခြားလေ့လာရေးစတဲ့ လေ့လာရေးခရီးတွေ ခေါ်ဖို့ ရှိပါတယ်။ ဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း တွေ့ပေးဖို့ ရှိပါတယ်။ ပြီးတော့ ဒေသန္တရအုပ်ချုပ်ရေးမှူးတွေနဲ့လည်း တွေ့ပေးဦးမှာပါ။