Crisis management ဖြစ်တဲ့အတွက်  Crisis ဆိုတာ ဘာလဲ၊  Management ဆိုတာ ဘာလဲ တင်ပြဖို့လိုပါတယ်။

Crisis management ကို ပုံစံတစ်မျိုးနဲ့ Management crisis လို့လဲ ပြောလို့ရပါတယ်။ Management crisis ကို ဘယ်လိုရင်ဆိုင်မလဲဆိုတာလည်း စဉ်းစားကြည့်စေချင်လို့ပါ။ ဒါပေမယ့် အခုတော့ Crisis Management ကိုပဲ

စဉ်းစားကြည့်ကြရအောင်ပါ။

“Whatever you do will be insignificant, but it is very important that you do it” (Gandhi)

အခု တိုက်ခက်သွားတဲ့ နာဂစ်မုန်တိုင်းဖြစ်ရပ်မှာ အပြင်ကကြည့်တာမဟုတ်ပဲ ကိုယ်ကိုတိုင် ခံစားရတဲ့အခါ လူတွေအားလုံးဟာ တစ်ခုမဟုတ်တစ်ခုတော့ လုပ်ကြတာချည်းပါပဲ။ ကိုယ်တတ်နိူင်တဲ့ဘက်ကနေ ဝင်လုပ်ကြပါတယ်။ အဲ့ဒီလို ဝင်လုပ်ကြတဲ့လူတွေကို ခွန်အားပေးချင်ပါတယ်။ ကိုယ်လုပ်လိုက်တဲ့အလုပ်တွေဟာ တကယ်တမ်း ထိရောက်ချင်မှ ထိရောက်မယ်၊ အရေးပါချင်မှ အရေးပါမယ်။ တစ်ခေါက်သွားရင် ခေါက်ဆွဲထုပ်လေးတွေဝေမယ်၊ ဆန်တစ်အိပ်၊ ဆီတစ်ပုံးပဲ လှူဒါန်းတယ်ဆိုတာတွေက အရေးမကြီးဘူး၊ သဘာဝမကျဘူးလို့ ထင်ချင်ထင်ပေမယ့် အဲ့ဒါ အရေးမကြီးပါဘူး။ ကိုယ်လုပ်ဖို့ပဲ လိုပါတယ်။ အထူးသဖြင့် လူငယ်တွေက ရပ်ကြည့်မနေကြဘဲ လုပ်ကိုလုပ်သင့်ကြပါတယ်။ ကိုယ်လုပ်လိုက်တာကို တခြားသူတွေ သိတာ၊ မသိတာ အရေးမကြီးပါဘူး၊ အသိအမှတ်ပြုတယ်၊ မပြုဘူးဆိုတာ အရေးမကြီးပါဘူး။ အရင်တုန်းကတော့ Credit ရှိမှ၊ အသိအမှတ်ပြုမှဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်ကြတာတွေ ရှိပါတယ်။ အမှန်တော့ မျှော်လင့်ချက်မထားဘဲ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာမျိုးပဲ ဖြစ်သင့်ပါတယ်။ ဒီအလုပ်ဟာ အရေးကြီးတယ်၊ အရေးမကြီးဘူး မစဉ်းစားပါနဲ့။ ငါတစ်ယောက်လုပ်လို့ရော ဘာထူးမှာလဲ ဆိုတာမျိုးလည်း မစဉ်းစားပါနဲ့။ လုပ်သာလုပ်ပါ။ လူငယ်၊ လူလတ်၊ လူကြီးတွေအားလုံး ကိုယ်လုပ်နေတာတွေဟာ ဘာမှ အဓိပ္ပါယ်မရှိဘူးလို့ စိတ်ထဲမှာ ရှိနေပေမယ့်လည်း ဘာပဲဖြစ်ဖြစ် လုပ်ဖို့လိုပါတယ်။

  • Personal Crisis

  • Organizational Crisis

  • National Crisis: Emergency Management

 

Crisis ကို သုံးမျိုးခွဲခြားပြပါမယ်။ ပထမဆုံးကတော့ Personal Crisis ပါ။ Crisis လို့ပြောရင် စိတ်ထဲမှာ တခြားနေရာကို တန်းရောက်သွားတတ်ပါတယ်။ အဲ့ဒါမျိုး မဖြစ်ရပါဘူး။ ကိုယ့်အထဲမှာ အရင်စဉ်းစားကြည့်ပါ။

ဒုတိယက Organizational Crisis ပါ။ ကုမ္ပဏီတွေမှာ၊ လုပ်ငန်းတွေမှာ Crisis တွေ အများကြီးရှိပါတယ်။ အဲ့ဒါကို စီမံခန့်ခွဲနိူင်ဖို့လည်း စဉ်းစားရပါမယ်။

တတိယကတော့ National Crisis ပါ။ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဆိုရင် တကယ့် Crisis ကြီးပါ။ ဒါဟာ Emergency Management ပါ။

Crisis ပုံစံမတူပေမယ့် ရင်ဆိုင်ရတာတော့ အတူတူပါပဲ။ ဒါကို ဘယ်လိုကျော်လွှားရမလဲဆိုတဲ့ စဉ်းစားပုံ၊ စဉ်းစားနည်းကလည်း အတူတူပဲဖြစ်ဖို့ လိုပါတယ်။

Crisis

လူတိုင်းဟာ Crisis တွေရှိလာရင် ကြောက်လန့်တတ်ကြပါတယ်။ Crisis ရှိလာရင် လူတွေဟာ စိတ်ပူကြပါတယ်။

Food and Fuel Crisis

တီဗီ၊ သတင်းစာနဲ့ ဂျာနယ်တွေမှာ မြင်တွေ့ဖတ်ရှုနေကြရမှာပါ။ တစ်ကမ္ဘာလုံးမှာ စားနပ်ရိက္ခာနဲ့ လောင်စာဆီအကျပ်အတည်း ဖြစ်နေပါပြီ။ တစ်လောကပဲ တရုတ်ပြည်မှာ ရေနံ၊ ဓါတ်ဆီဈေးကို ကိုင်တွယ်ရာမှာ အဆင်မပြေတဲ့အတွက် နယူးယောက်ဈေးကွက်မှာ ထိခိုက်မှုရှိခဲ့ပါတယ်။ ကိုယ်နိုင်ငံမှာ ကံကောင်းလို့မရှိဦးတော့ တခြားနိူင်ငံတွေမှာ စားနပ်ရိက္ခာနဲ့ လောင်စာဆီအကျပ်အတည်းက ရှိပါတယ်။ အာဖရိကန်နိူင်ငံတွေမှာဆိုရင် စားနပ်ရိက္ခာအကျပ်အတည်း ရှိနေပါတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေတင်မကဘဲ၊ အခုဆိုရင် ငွေကြေးဖောင်းပွမှုတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကို တွေ့နေရပါပြီ။ ဒါကိုလည်း Crisis တစ်ခုအနေနဲ့ ပြောလို့ရပါတယ်

Global Warming Crisis

အခုဆိုရင် ကမ္ဘာကြီး ပူနွေးလာမှုအကျပ်အတည်းလည်း ရှိလာပါပြီ။ သိသာသည်ဖြစ်စေ၊ မသိသာသည်ဖြစ်စေ တွေ့လာရတာတွေ ရှိပါတယ်။

Asian Financial Crisis

၁၉၉၇ တုန်းက ထိုင်းမှာ စဖြစ်ခဲ့တဲ့ အာရှဘဏ္ဍာရေး အကျပ်အတည်းကြောင့် တစ်ကမ္ဘာလုံး တုန်လှုပ်ချောက်ချား ခဲ့ရပါသေးတယ်။ ထိုင်းကနေ အင်ဒိုနီးရှား၊ ဖီလစ်ပိုင် စတဲ့နိုင်ငံတွေပါ  ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ခဲ့ကြရပါတယ်။

Population Crisis

အခုလက်ရှိ demography ဟာ စဉ်းစားဖို့ကောင်းတဲ့ ကိစ္စတစ်ခုပါ။ လူဦးရေ ခြောက်ကုဋေလောက်ရှိနေပေမယ့်

ရပ်သွားမှာမဟုတ်ဘဲ တိုးဖို့ပဲ ရှိတဲ့အတွက် လူဦးရေထူထပ်မှုကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ အရေးကြီးပါတယ်။ Land Space တွေကလည်း အကန့်အသတ်ရှိပါတယ်။ ဒါ့ထက် တိုးလို့မရတော့ပါဘူး။ အကယ်၍ တခြားကမ္ဘာသွား နိုင်ရင်တော့ တစ်မျိုးပေါ့။ ကိုယ့်ကမ္ဘာထဲမှာပဲ နေရရင်တော့ ရတဲ့ Land Space က အကန့်အသတ်ရှိနေတဲ့အတွက် လူဦးရေထူထပ်မှု အကျပ်အတည်းရှိပါတယ်။

Human Security Crisis

Human Security Crisis ရှိတာကို နိူင်ငံခြားသွားဖူးတဲ့လူတွေသိပါတယ်။ လေယာဉ်ကွင်းမှာ အရင်တုန်းက တစ်နာရီလောက် အချိန်ပေးရရင် အခု နှစ်နာရီ၊ သုံးနာရီလောက် အချိန်ကုန်ပါတယ်။ ဒါဟာ လုံခြုံရေးအခြေအနေကြောင့်ပါ။ စစ်ဆေးတာတွေ လုပ်ရတာကြောင့် Security Crisis ရှိပါတယ်။

AIDS Crisis

AIDS ကို အခုဆိုရင် မြန်မာနိူင်ငံမှာလည်း ပုံစံအမျိုးမျိုးနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတာ တွေ့မြင်နေကြရပါတယ်။ HIV/AIDS ဟာ တကယ့်ကို အာရုံစိုက်ရမယ့် Crisis ကြီးတစ်ခုဖြစ်ပါတယ်။ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မပတ်သတ်သလိုနေလို့မရပါဘူး။ အထူးသဖြင့် အိန္ဒိယနဲ့ တရုတ်ပြည်တို့ရဲ့ကြားမှာရှိနေတဲ့ မြန်မာနိူင်ငံအတွက် အိန္ဒိယရဲ့ HIV/AIDS Crisis နဲ့ တရုတ်ရဲ့ HIV/AIDS Crisis တို့ဟာ မြန်မာကို ရောင်ပြန်ဟက်နိူင်လို့ စဉ်းစားသင့်ပါတယ်။

Mid-Life Crisis

လူတစ်ဦးချင်း၊ တစ်ယောက်ချင်းဟာ အသက်၅၀လောက် ရောက်လာရင် Crisis ဝင်လာပါတယ်။ ကလေးတွေက ကြီးလာမယ်၊ တက္ကသိုလ်တတ်တော့မယ်၊ ဒါမှမဟုတ် နိူင်ငံရပ်ခြားမှာ ကျောင်းသွားတတ်မယ် ဆိုတာမျိုးတွေ ဖြစ်လာပြီဆိုရင် ကြိုက်ကြိုက်၊ မကြိုက်ကြိုက် Mid-Life Crisis နဲ့ ကြုံတွေ့လာရပါတယ်။

Succession Crisis

လုပ်ငန်းတွေမှာ Succession Crisis ရှိကြပါတယ်။ လုပ်ငန်းတည်ထောင်သူ သဌေးရှိနေသရွေ့တာ့ ကိစ္စမရှိပါဘူး။ သူမရှိရင် သူ့နေရာမှာ ဘယ်သူဆက်လုပ်မလဲ။ CEO တစ်ယောက်ဟာ လုပ်ငန်းတစ်ခုမှာ လေး၊ ငါးနှစ်ကြာအောင် လုပ်ခဲ့တယ်။ သူမရှိရင်၊ သူပြောင်းသွားရင် Succession Plan Crisis ရှိပါတယ်။ ဒါကြောင့် Management မှာ Succession Plan ကို သင်လို့တောင် ရပါတယ်။ အဖွဲ့အစည်းတစ်ခုမှာ ဦးဆောင်တဲ့သူ မသွားခင် စပ်ကူးမပ်ကူးကာလကို အဆင်ပြေအောင် ဘာလုပ်ထားမလဲ ဆိုတာ သင်လို့ရပါတယ်။

#Level of Crisis

  • Global

  • National

  • Organizational

  • Community

  • Family

  • Individual

Crisis တွေ အများကြီးရှိပါတယ်။ Crisis တွေအားလုံးကို ခြုံကြည့်လိုက်ရင် Individual တစ်ဦးချင်းမှာ Crisis ရှိပါတယ်။ အလုပ်လက်မဲ့ဖြစ်သွားတာ Personal Crisis ပါ။ ရသင့်ရထိုက်တဲ့ ရာထူးမရလိုက်တာလဲ Personal Crisis ပါ။ ဒီတော့ Individual Crisis ဟာ လူတိုင်းမှာ တစ်မျိုးမဟုတ်တစ်မျိုး ကြုံတွေ့နေရမှာပါ။ ကျောင်းသားတစ်ယောက်အနေနဲ့ စာမေးပွဲမအောင်ဘူး၊ ဒါမှမဟုတ် အောင်တာလည်း လိုအပ်တဲ့ အမှတ်မရဘူး ဆိုတာတွေဟာ Individual Crisis ပါပဲ။

မိသားစုထဲမှာလည်း Crisis ကြုံရပါတယ်။ ဘယ်လောက်ပဲ ချစ်ခင်နွေးထွေးတဲ့မိသားစုဖြစ်နေပါစေ Crisis ရှိပါတယ်။ မိသားစုက တဆင့်တတ်လိုက်ရင် Community မှာ Crisis ရှိပါတယ်။ လူအသိုင်းအဝိုင်းတိုင်းမှာ Crisis ရှိပါတယ်။ အဖွဲ့အစည်းတွေမှာလည်း Crisis ရှိပါတယ်။ Management တာဝန်ယူရတဲ့အခါ Organizational Crisis ကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဟာ အင်မတန်အရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ National Crisis ဆိုတာလည်း ရှိပါတယ်။ အခု နာဂစ်လိုမျိုးပါ။ နောက်ဆုံးတစ်ခုက Global Crisis ဖြစ်ပါတယ်။ လူငယ်ရော လူကြီးပါ Globalization ခေတ်မှာ နေကြရတဲ့အတွက် Global Crisis ရှိပါတယ်။ ဒါတွေကို မေ့လို့မရပါဘူး။

ဘာကြောင်လဲဆိုတော့ Global Crisis ကြောင့် National Crisis ဖြစ်နိူင်ပါတယ်။ National Crisis ကြောင့် Organizational Crisis ဖြစ်နိူင်သလို Community Crisis ဖြစ်နိူပါတယ်။ အဲ့မှတဆင့် Family Crisis ဖြစ်နိူင်တယ်၊ Individual Crisis ဖြစ်နိူင်ပါတယ်။ Individual Crisis နဲ့ ပတ်သတ်လာရင် ထူးဆန်းတာတစ်ခုရှိပါတယ်။ ဥပမာအားဖြင့် တစ်ဦးချင်း၊ တစ်ယောက်ချင်း အပြုအမူ မဆင်ခြင်လို့ HIV/AIDS ဖြစ်လာတဲ့ Personal Crisis က မိသားစုကို လာထိခိုက်ပါတယ်။ မိသားစုတွေကို ထိခိုက်လာရင် Community ကိုလည်း ထိခိုက်လာပါတယ်။ Community ကိုထိလာရင် Organization ကိုထိပါတယ်။ National ကိုထိပါတယ်။ Global ထိတယ်။

ဒီတော့ Level of Crisis ကိုကြည့်ရင် Level တွေ အားလုံးဟာ ဆက်စပ်မှုရှိနေတယ်ဆိုတာ သိထားရမယ်။ တစ်နေရာတည်းရပ်လို့ မရပါဘူး။ Individual Crisis မှာ ထိန်းနိူင်အောင် ထိန်းရပါမယ်။ ဒါမှမဟုတ် Family, Community, Organization အစရှိသဖြင့် ထိန်းသွားရပါမယ်။

ဒီနေရာမှာ Individual Crisis, Organisational Crisis နဲ့ National Crisis သုံးခုကိုပဲ အဓိကထား တင်ပြသွားပါမယ်။

Personal Crisis

Personal Crisis ကို စဉ်းစားရင် ပထမဆုံး Crisis ဆိုတာ ဘာလဲဆိုတာကို အရင်စဉ်းစားရပါမယ်။ “Testing” ကိုယ့်ကိုယ်ကို အစစ်ခံတဲ့အချိန်ဟာ Crisis ပါပဲ။ ပုံမှန်အနေအထားရှိတဲ့အချိန်မှာ Crisis မရှိပါဘူး။ ပုံမှန်အနေအထား မဟုတ်တော့တဲ့အချိန်ကျရင် Crisis ဖြစ်လာပါပြီ။ အရေးပေါ်ဖြစ်လာတယ်ဆိုရင် ဒါဟာ Crisis ပါပဲ။ ဒီတော့ Crisis ရဲ့ Definition ကို ဖွင့်ရအောင်ပါ။ ဒီနေရာမှာ definition နဲ့ပတ်သတ်လို့ နည်းနည်းပြောချင်ပါတယ်။ ဒီမှာက definition ကို သိပ်သတိမထားကြပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ပြောနေကြပေမယ့် ဘာပြောနေမှန်းမသိတာဟာ Define မလုပ်လို့ပါ။ အမြဲတမ်း သတိထားပြီး Define လုပ်ပါ။ define လုပ်ပီးမှပြောရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိပါမယ်။ သူ့ Definition နဲ့ ကိုယ့် Definition မတူရင် ညှိလို့ရပါတယ်။

ဒီနေရာမှာ ဥပမာတစ်ခုပြောပြပါမယ်။ ရန်ကုန်မြို့ကို တစ်ခေါက်မှ မရောက်ဖူးတဲ့ လူတစ်ယောက်ဟာ ရန်ကုန်မြို့ထဲလည်ချင်တယ်ဆိုလို့ သူ့ကိုဆူးလေဘုရားလမ်းမှာ ချပေးလိုက်ပြီး သူ့လက်ထဲကို  မန္တလေးမြို့မြေပုံထည့် ပေးလိုက်တယ် ဆိုကြပါစို့။ သူ ဘယ်မှ ရောက်မှာမဟုတ်ပါဘူး။ သူ့လက်ထဲမှာရှိတဲ့ မြေပုံက မှားနေတာကိုး။

ဒီတော့ လူတွေမှာရှိတဲ့ mental plan က အရေးကြီးပါတယ်။ အဲ့မြေပုံက definition ပေါ်မှာ မူတည်ပါတယ်။ ဒီမြေပုံက မန္တလေးမြေပုံဖြစ်တဲ့အတွက် ရန်ကုန်မှာ သုံးလို့မရဘူးဆိုတာ သိဖို့လိုပါတယ်။ ဒီ့အတွက် definition of issue ဟာ အရေးကြီးပါတယ်။ အကျပ်အတည်းဖြစ်လာမယ်ဆိုတာကို ကြိုပြီးမသိနိူင်ပါဘူး။ ကြိုတင်ခန့်မှန်းတာမျိုး လုပ်လို့မရပါဘူး။ ဒါပေမယ့် လုံးဝမမျှော်လင့်ပါဘူးလို့တော့ ပြောလို့မရပါဘူး။ Crisis က လာမှာပါပဲ။ Individual မှာလည်း ရှိမှာပဲ၊ Family မှာလည်း ရှိမှာပဲ၊ Community မှလည်း ရှိမှာပဲ။ Organization နဲ့ National မှာလည်း ရှိမှာပါပဲ။ ဒီတော့ ခြုံပြီးပြောရရင် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အန္တရာယ်ပေးနိူင်တာကို Crisis လို့ ကြိုပြီး စဉ်းစားလို့ရပါတယ်။

Crisis ကို တရုတ်လို စကားနှစ်ခုနဲ့သုံးပါတယ်။ တစ်ခုက အန္တရာယ်ပါ။ Crisis ဆိုတာ အန္တရာယ်ကြီးပါ။ အန္တရာယ် ဘယ်အချိန်မှာဖြစ်သလဲဆိုတော့ ရှောင်ရင် ဖြစ်ပါတယ်။ ရှောင်ရင် အန္တရာယ်ပါပဲ။

Personal Crisis ပဲဖြစ်ဖြစ်၊ Family Crisis ပဲဖြစ်ဖြစ်၊ National Crisis ပဲဖြစ်ဖြစ်၊ Global Crisis ပဲဖြစ်ဖြစ် တော်တော်များများက ငြင်းကြပါတယ်၊ မရှိဘူးလို့ ပြောကြပါတယ်။ ဒါဟာ အန္တရာယ်ကို ရှောင်တာပါ။ အဲ့ဒီလိုဆိုရင် အန္တရာတယ်ရှိပါတယ်။ ဒါပေမယ့် တရုတ်စကားက နက်နဲပါတယ်။ ဒုတိယစကားလုံးက အခွင့်အရေးလို့ အဓိပ္ပါယ်ရှိပါတယ်။ နာဂစ်မုန်တိုင်းဟာ ယူတတ်ရင် အခွင့်အရေးကြီးတစ်ခုပါ။

ပုဂ္ဂိုလ်တစ်ဦးချင်း၊ တစ်ယောက်ချင်းမှာရော၊ လုပ်ငန်းအဖွဲ့အစည်းတွေမှာပါ အခက်အခဲရှိလာလို့ ကြောက်ပြီးရှောင်ရင် အဲ့ဒါ အန္တရာယ်ပါပဲ။ မကြောက်ဘဲ ရင်ဆိုင်ရင်၊ ကိုယ့်အတွက် အသုံးချနိုင်ရင် ဒါဟာ အခွင့်အလမ်းတစ်ခုပါပဲ။ အလုပ်ပြုတ်တာ အခွင့်အလမ်းတစ်ခုပါပဲ။ ပိုကောင်းတဲ့အလုပ်ရဖို့၊ နောက်အလုပ်သစ်တစ်ခုရဖို့ အခွင့်အလမ်းတစ်ခုပဲလို့ စဉ်းစားကြည့်ကြစေချင်ပါတယ်။

အမြဲတမ်း အခွင့်အလမ်းကိုပဲ ကြည့်ပါ။ အန္တရာယ်ကို မကြည့်ပါနဲ့။ အန္တရာယ်ကို ကြည့်လိုက်မိရင် ကြောက်ပြီး ရှောင်မိပါလိမ့်မယ်။

Crisis ကို ဖော်ပြတဲ့ တရုတ်စာလုံးကို မမှတ်မိရင်တောင် Danger and Opportunities ဆိုတဲ့ အဓိပ္ပါယ်ကိုတော့ မှတ်မိစေချင်ပါတယ်။ Danger နဲ့ opportunity ဟာလည်း သီးခြားစီ ရှိနေတာမဟုတ်ပဲ တွဲနေတာကို သတိထားပါ။ Crisis ကို ရင်ဆိုင်တဲ့အခါ ဒါကို ဘယ်လိုစီမံခန့်ခွဲမှု လုပ်သလဲဆိုတာပေါ်မှာ မူတည်ပါတယ်။ ကိုယ့်ရဲ့စီမံခန့်ခွဲမှုလုပ်တာကောင်းရင် အခွင့်အလမ်းဖြစ်လာမယ်။ ကိုယ် စီမံခန့်ခွဲမှု မလုပ်တတ်ရင်တော့ အန္တရာယ်ဖြစ်လာပါမယ်။

Crisis affect all segments of society caused by a wide range of reasons.

Three common elements:

  1. a) A threat to society
  2. b) The element of surprise, and
  3. c) A short decision time

Crisis ဟာ လူတိုင်းမှာရှိသလို Crisis ဘာကြောင့်ဖြစ်သလဲ ဆိုတဲ့အကြောင်းတွေလည်း အများကြီး ရှိနိူင်ပါတယ်။ ဒါပေမယ့် common elements သုံးခုပဲ ရှိပါတယ်။

  • A threat to society

လူ့အဖွဲ့အစည်းကို အန္တရာယ်ပြုတယ်။

  • The element of surprise

မထင်မှတ်ဘဲ ဖြစ်တတ်တယ်။

  • A short decision time

တုံ့ပြန်ဖို့ ဆုံးဖြတ်ရမယ့်အချိန်ကျတော့ သိပ်နည်းနေတယ်။

အချိန်ယူ စဉ်းစားပြီး အစီအစဉ်ဆွဲလုပ်လို့မရဘူး။ Crisis မှာ အချိန် ဇိမ်ပြေနပြေယူပြီး စိတ်တိုင်းကျ ဒါကို ဘယ်လိုတုံ့ပြန်မယ်။ ဒါကို ဘယ်လိုစီမံခန့်ခွဲမှုလုပ်မယ်ဆိုတဲ့ အနေအထား မရှိပါဘူး။ လူရယ်လို့ဖြစ်လာရင် Crisis က တွဲပါလာတာ မဆန်းပါဘူး။ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းရဲ့ Crisis ကို အခုဆိုရင် ခံစားဖူးကြသလိုပါပဲ။

Personal Crisis ကို ပြောရင် နေမကောင်းဖြစ်တယ်၊ မကျန်းမာဘူးဆိုတာလည်း Crisis ပါပဲ။ သေမယ်၊ ပျက်စီးတယ်၊ ဆုံးရှူံးတယ်ဆိုတာလည်း Crisis ပါပဲ။ ဒီတော့ လူတိုင်းဟာ Crisis ကြုံရပါတယ်။ ဒါကို အဆန်းလုပ်ပြီး ပြောမနေပါနဲ့။ အခုမှ Crisis Management မသင်ပါနဲ့။ Crisis က ရှိနေမှဖြစ်တဲ့အတွက် Crisis Management မသင်လည်း ကိုယ့်ဘာသာကိုယ် Manage လုပ်ရမှာပါပဲ။

Focus

ဘာကြောင့် Crisis ဖြစ်သလဲလို့ စဉ်းစားရင် Focus နှစ်ခု ကြည့်ရပါမယ်။

  • အလုပ်တစ်ခုက အရေးကြီးတယ် (Important)၊

  • နောက် အမြင် dimension က ချက်ချင်းလုပ်ရမယ် (Urgent)။

လုပ်ငန်းတိုင်းမှာရော၊ personal မှာပါ အလုပ်တစ်ခုဟာ အရေးလည်းမကြီးဘူး၊ ချက်ချင်းလည်း လုပ်စရာမလိုဘူးဆိုရင် အဲ့ဒီအလုပ်မျိုးကို မလုပ်ဖို့ လိုပါတယ်။ အခုလက်ရှိမှာ လူတော်တော်များများက အရေးမကြီးတာလည်းသိတယ်၊ ချက်ချင်းလုပ်စရာမလိုမှန်းလည်း သိတယ်၊ ဒါပေမယ့် အဲ့ဒါကိုပဲ လုပ်နေကြတယ်။ အဲ့ဒီလိုအလုပ်မျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ အရေးမကြီးဘူး၊ ချက်ချင်းလုပ်ရမယ်ဆိုတာမျိုးကျတော့ နည်းနည်းလျှော့လို့ရပါတယ်။ အရေးကြီးတယ်၊ ချက်ချင်းလည်းလုပ်ရမယ်ဆိုရင်တော့ Crisis Management လိုလာပါတယ်။ အကောင်းဆုံး အချိန်ကို အသုံးပြုစေချင်တာကတော့ အရေးကြီးတယ်၊ ချက်ချင်းလုပ်စရာမလိုတဲ့အရာမျိုးပါ။

ဥပမာ – ကိုယ့်မိသားစုနဲ့ နေတာပေါ့။ မိသားစုကို တန်ဖိုးထားတယ်ဆိုရင် မိသားစုနဲ့နေတဲ့အချိန်ဟာ အရေးကြီးတယ်။ အားကစားလုပ်တာလည်း အရေးကြီးပါတယ်။ ချက်ချင်းလုပ်စရာတော့ မလိုပါဘူး။ ကျန်းကျန်းမာမာဖြစ်နေဖို့ လိုပါတယ်။ ပိန်လှီနေရင် Crisis Management မပြောနဲ့ ကျန်တာ ဘာမှလုပ်လို့ရမှာ မဟုတ်ပါဘူး။ Crisis ရှိရင် တစ်ဦးချင်း၊ တစ်ယောက်ချင်း တုံ့ပြန်မှုလုပ်တဲ့ပုံစံချင်း မတူပါဘူး။ အခြေအနေတူတာမျိုး တွေ့တာချင်း တူရင်တောင် ခံစားရတာ၊ တုံ့ပြန်တာချင်း မတူပါဘူး။

ဥပမာ- လူနာတစ်ယောက်ဟာ စိတ်သောကဖြစ်တယ် ဆိုပါစို့။ စိတ်သောကဖြစ်ရင် Crisis ဖြစ်တာပါပဲ။ Crisis ဖြစ်တာကို တုံ့ပြန်တာမှာ တစ်ယောက်နဲ့တစ်ယောက် မတူတာတွေ့ရပါတယ်။ ဒါကို စဉ်းစားရမယ်။

Reaction

Different to the same crisis

Emotional experiences unique

Changing nature of crisis response

Crisis ဖြစ်တဲ့အခါမှာ ကြောက်လာပါတယ်။ ကိုယ့်မှာ ကင်ဆာဖြစ်နေပြီဆိုရင် ကြောက်လာပါတယ်။ ဒါဟာ Crisis ပါပဲ။ ဒီထက်ကြီးမားတဲ့ Crisis မရှိတော့ပါဘူး။ HIV positive ဆိုရင်လည်း ကြောက်တာပါပဲ။ ဒါ တစ်ဦးချင်း စဉ်စားတာပါ။

နောက်တစ်ခုက ဖိစီးမှုပါ။ Stress လို့ပြောရင် မကောင်းတဲ့ဖိစီးမှုကို ပြောတာမဟုတ်ပါဘူး။ ကောင်းတဲ့ဖိစီးမှုကို ပြောတာပါ။ အထူးသဖြင့် လူငယ်တွေမှာ ဖိစီးမှုလိုပါတယ်။ ဖိစီးမှုမရှိရင် စိန်ခေါ်မှုမရှိတော့ပါဘူး။ ကိုယ်တတ်တာတွေပဲ ဖတ်နေရင် အလကားပါပဲ။ ကိုယ်မတတ်တာဖတ်ရင် ဒါဟာ ကောင်းတဲ့ဖိစီးမှုပဲ ဖြစ်ပါတယ်။ ကိုယ်မသိသေးတာကို လေ့လာရင် ဖိစီးမှုကောင်းပေါ့။ မကောင်းတဲ့ဖိစီးမှုကတော့ မလိုတာတွေမှာ ဦးနှောက်စားနေတာမျိုးပါ။

နောက်တစ်ခုက Post Traumatic Stress Disorder ဆိုတာပါ။ ဒါကို ဆရာဝန်တွေသိပါတယ်။ PTSD ဆိုတာ ရှိကြပါတယ်။ အိမ်မှာ မိဘဆုံးသွားရင် စိတ်သောကတွေ ရှိလာမယ်။ ပြီးရင် ကိုယ်ရောစိတ်ပါ မကျန်းမာမှုတွေ ဖြစ်လာပါမယ်။ နောက်တစ်ခုက ဒေါသကြီးမယ်။ ဒါဟာ အကျပ်အတည်းဖြစ်လာလို့ တုံ့ပြန်တာပါ။ အကျပ်အတည်းဖြစ်လာပြီဆိုရင် ပြောင်းလဲဖြစ်ပေါ်မှုအဆင့်တွေမှာ ပထမဆုံးက မဖြစ်နိူင်ဘူး၊ မယုံဘူးဆိုတဲ့ ရှော့ခ်က အရင်လာပါတယ်။

နောက်တစ်ခုက ငြင်းပယ်တာပါ။ ကိုယ့်မှာ ကုမရတဲ့ AIDS ရောဂါရှိနေပြီဆိုပါတော့။ ငါ့မှာ ဒီရောဂါမရှိပါဘူး။ ငါနေကောင်းနေတာပဲ၊ ကျန်းမာနေတာပဲ ဆိုတာမျိုးပေါ့။ အဲ့ဒီတော့ တခြားဆရာဝန်ဆီသွားပြတယ်။ ဒါဟာ ငြင်းတာပါ။ Personal Crisis မှာ ငြင်းဆိုမှု လုပ်ကြရပါမယ်။

ပြီးတော့မှ နေ့ခင်းအိမ်မက်တွေ၊ စိတ်ကူးယဉ်တာတွေ၊ စိတ်ဓါတ်ကျတာတွေ လာပါလိမ့်မယ်။ ရှက်တယ်၊ စိတ်ပူတယ်ဆိုတာတွေ ဖြစ်လာတတ်ပါတယ်။ အဲ့ဒီကဏ္ဍတွေပြီးတော့မှ လက်ခံပါတယ်။ AIDS ရောဂါ ငါ့မှာတော့ ရှိနေပြီ၊ အဲ့ဒါကို ဘယ်လိုကုစားမလဲ။

ဒါမှ Crisis Management ပါ။

Crisis Management ဟာ ဒီကဏ္ဍတွေ ပြီးသွားမှ စီမံခန့်ခွဲမှုလုပ်တယ်၊ ကောက်ချက်ချတာလုပ်တယ် ဆိုတာမျိုးပါ။ ဒါဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းအနေနဲ့ ပြောနေတာပါ။ ဒီတော့ အဲဒီလိုဖြစ်ရင် ဆက်သွယ်ရေးလမ်းကြောင်းက အရေးကြီးပါတယ်။ ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေ အကျပ်အတည်းဖြစ်နေတာသိရင် နားထောင်ပါ။ သူ့ကို နွေးထွေးအောင် စောင့်ရှောက်ပေးပါ။ သူနဲ့စကားပြောပေးပါ။ Crisis ဖြစ်နေတဲ့လူတစ်ယောက်ဟာ ဥပမာ – သူအလုပ်ပြုတ်လာတာကို ပြောချင်မယ်။ သူ့မှာ မကျေနပ်ချက်တွေရှိမယ်၊ ဒေါသတွေ ရှိမယ်၊ ငြင်းဆိုတာတွေရှိမယ်။ ငါအလုပ်မပြုတ်သေးပါဘူး။ ငါ့လူကြီးက ငါ့ကို ပြန်စဉ်းစားဦးမှာပါဆိုတဲ့ အတွေးမျိုးတွေ ရှိတတ်ပါတယ်။ အလုပ်ပြုတ်နေပြီဖြစ်ပေမယ့် မပြုတ်သေးဘူးထင်ပြီး ငြင်းချက်ထုတ်နေတာပါ။

နောက်တစ်ခုက လူဆိုတာ တစ်ယောက်တည်း မဟုတ်ပါဘူး။ လောကမှာ HIV/AIDS ဖြစ်တာ ကိုယ်တစ်ယောက်တည်း၊ မဟုတ်ပါဘူး။ ဖြစ်နေတဲ့သူတွေ အများကြီးပါ။ အလုပ်ပြုတ်တာ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ အလုပ်ပြုတ်တဲ့သူတွေ အများကြီးရှိတယ်ဆိုတာမျိုး စဉ်းစားရပါမယ်။

ပြီးတော့မှ Crisis Management က Positive action နဲ့ လာပါမယ်။ ကိုယ့်မှာရှိတဲ့ နာကျင်မှု၊ ကိုယ်ကြောက်နေတာတွေကို အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေနဲ့ ဖြေရှင်းကြရပါမယ်။ နောက်တစ်ခုကတော့ ဗုဒ္ဓဘာသာရော၊ ခရစ်ယာန်ရော၊ အစ္စလာမ်ရော ဘာသာအားလုံးအတွက် ဆုတောင်းခြင်းက အကောင်းဆုံးပါ။ Personal Crisis မှာ ဆုတောင်းခြင်းရဲ့ အင်အားကိုလည်း လျှော့တွတ်လို့မရပါဘူး။

Personal Crisis နဲ့ပါတ်သတ်လို့ Model တစ်ခုရှိပါတယ်။ ပထမဆုံးက လှုံ့ဆော်မှုပါ။ လုံးဝကုလို့မရတဲ့ရောဂါဖြစ်ပြီ၊ Crisis ဖြစ်ပြီ၊ ဒါမှမဟုတ် အလုပ်ပြုတ်ပြီ ဒါမှမဟုတ် အိမ်ထောင်စုထဲမှာ အကွဲအပြဲတွေဖြစ်ပြီဆိုရင် လှုံဆော်မှုပေးတာကို ကိုယ်ဘယ်လိုတုံ့ပြန်မလဲ။

Personal crisis management မှာ သတိထားရမှာတစ်ခုက အကြောင်းအရာတစ်ခုပေါ်လို့ လှုံဆော်လာတာနဲ့ တုံ့ပြန်တာကြားမှာ ကွက်လပ်ကြီးတစ်ခုရှိပါတယ်။ ဖြစ်တာနဲ့ ချက်ချင်းတုံ့ပြန်စရာ မလိုပါဘူး။ ဥပမာ – ဒေါသထွက်တယ်ဆိုပါစို့။ ဒီဒေါသက ထွက်စရာမလိုပါဘူး။ ဒေါသထွက်တယ်လို့ ပြောရင် ဒေါသထွက်ဖို့ ကိုယ်ရွေးချယ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒေါသထွက်တယ်။ မထွက်ဘူးဆိုတာကို ရွေးဖို့အချိန်ရှိပါတယ်။ ဝမ်းနည်းမလား၊ ဝမ်းသာမလား၊ ပူဆွေးမလား၊ ဒေါသဖြစ်မလား အားလုံးဟာ ကိုယ်ရွေးလို့ ရတာချည်းပါပဲ။ တချို့က ရွေးစရာမရှိဘူးထင်ပြီး ဖြစ်တာနဲ့ တုံ့ပြန်တတ်ကြပါတယ်။ Freedom to Choose က ရွေးနိူင်အောင် ပေးထားတာပါ။

Self-awareness က တစ်ခုခုဖြစ်ရင် ကိုယ့်ကိုယ်ကိုသိတာ၊ သိအောင် ဆင်ခြင်တာပါ။ အဲ့ဒီလို ဆင်ခြင်လိုက်တာနဲ့ ဒေါသတွေပျောက်သွားပါမယ်။ လူတစ်ယောက်မှာ ဦးနှောက်ဘယ်လောက်ကောင်းကောင်း အတွေးနှစ်ခုကို တစ်ချိန်တည်းမှာ မခံနိူင်ပါဘူး။ အဲ့ဒီတော့ ဦးနှောက်က ကိုယ့်အကြောင်း ကိုယ်သိအောင် ကြိုးစားလိုက်တာနဲ့ တပြိုင်နက် ဒေါသထွက်တာ ပျောက်သွားမှာပါ။ တစ်ချို့ကတော့ imagination ပါ။ ကိုယ့်ဘာသာ စဉ်းစားတွေးခေါ်တတ်ပါတယ်။ နောက်တစ်မျိုးကတော့ conscience ပါ။ ကိုယ့်ရဲ့ အတွင်းစိတ်ကို ကိုယ်ပြန်ကြည့်လို့ရတယ်။

နောက်ဆုံးတစ်မျိုးကတော့ independent will ပါ။ Independent will ကို လျှော့မတွက်ပါနဲ့။ ကိုယ့်မှာ ရွေးချယ်ပိုင်ခွင့် အပြည့်ရှိပါတယ်။ အဲ့ဒီရွေးချယ်ပိုင်ခွင့်ကို မမေ့ပါနဲ့။ တစ်ချို့က “ ကျွှန်တော့်မှာ ရွေးစရာမရှိဘူး” လို့ ပြောတတ်ကြပါတယ်။ အဲ့ဒါ မဟုတ်ပါဘူး။ ရွေးစရာတွေရှိပါတယ်။ ဘယ်လောက်ပဲခက်ခက်၊ ဘယ်လောက်ကြီးများတဲ့ Crisis ပဲဖြစ်ဖြစ်၊ ကိုယ့်မှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။

ဥပမာ – HIV/AIDS ရောဂါဖြစ်ရင် သေမယ်ပေါ့။ ဒါပေမယ့် အဲ့ရောဂါဖြစ်လို့ ARV Treatment ယူရင် မသေတော့ပါဘူး။ Treatment ယူမယ်၊ မယူဘူးဆိုတာကတော့ ကိုယ့်ရဲ့ လွတ်လပ်စွာ ရွေးချယ်မှုပါပဲ။ ကိုယ့်မှာရှိတာကို လက်ခံလိုက်တာဟာ လွပ်လပ်စွာရွေးချယ်မှုပါ။ ဒါတွေအားလုံးကို ကိုယ်လုပ်လို့ရတယ်ဆိုတာ စဉ်းစားစေချင်ပါတယ်။

Organizational Crisis (UK)

During the next five years, 83% of companies will face a crisis. That negatively impacts the profitability of a company 20 to 30%.

အဖွဲ့အစည်းတွေမှာလည်း Crisis တွေ ရှိကြပါတယ်။ UK မှာ သူတို့တွက်ကြည့်ထားတာ ရှိပါတယ်။ နောက်လာမည့် ၅ နှစ်အတွင်း ကုမ္ပဏီ ၁၀ ခုရှိရင် ၈ ခုမှာ Crisis ရှိနိူင်ပါတယ်။ ဈေးနှုန်းကတော့ အတက်အကျရှိမယ်၊ Policy ကလည်း ဒီနေ့တစ်မျိုး၊ နောက်နေ့တစ်မျိုး၊ လုပ်ရတဲ့သူက ဟိုပြေး ဒီပြေးဆိုရင် Crisis ရှိမှာပါပဲ။ အဲ့ဒီလိုဖြစ်လာရင် သူ့ရဲ့ profit margin က ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ထိခိုက်မှုရှိနိူင်ပါတယ်တဲ့။ Organisational Crisis ကို အပေါ်ယံအနေနဲ့ မစဉ်းစားပါနဲ့။

Crisis Management

  • A new field of management, Forecasting potential crises and planning to deal with them,

e.g., how to recover if your computer system completely fails Completing a crisis management plan before they experience a crisis.

Crisis management အကြောင်းပြောရင် ကြိုပြီး စဉ်းစားလို့ရပါတယ်။ ဖြစ်လာနိုင်တဲ့ အကျပ်အတည်းကို  ကိုင်တွယ်ဖြေရှင်းဖို့ Plan တွေ ကြိုင်ပြင်ထားလို့ရပါတယ်။ ဥပမာ – ကိုယ့်လုပ်ငန်းမှာ computer system က ကျသွားပြီ ဆိုပါစို့။ ဒါဟာ crisis ပါပဲ။ အဲ့ဒါကို Backup တွေ၊ Plan A, B စတာတွေနဲ့ ကြိုပြီးပြင်ထားလို့ ရပါတယ်။

အခု ဒီက တချို့ကုမ္ပဏီတွေမှာဆိုရင် Crisis management Plan- CMP ဆိုတာ လုပ်ထားလာကြပါပြီ။ Crisis မစခင်ကတည်းက Plan ရှိဖို့လိုပါတယ်။ CMP ကို Crisis ပြီးမှ တရေးနိူး ထလုပ်ရင်တော့ ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူး။ ဒီတော့ Crisis Management Plan တွေကို ပြုစုလို့ရတယ်ဆိုတာ သိထားသင့်ပါတယ်။

 

Identifying the real nature of a current crisis, Intervening to minimize damage and recovering from the crisis, Strong focus on public relations to recover damage to public image and assure stakeholders.

Crisis management မှာ ပထမဆုံး ခွဲခြားရွေးထုတ်နိူင်ရပါမယ်။ အဖွဲ့အစည်းမှာ အခု တကယ်တွေ့နေရတဲ့ crisis က ဘာလဲဆိုတဲ့ နားလည်မှု လိုပါတယ်။ အဲ့ဒီနားလည်မှုရဖို့က ချို့ယွင်းချက်ကို ရှာဖွေဖော်ထုတ်နိူင်ဖို့ လိုပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ သိဖို့လိုပါတယ်။

ဥပမာ – ဆရာဝန်တွေ diagnosis မှားရင်၊ စမ်းသပ်မှုမှားရင် ပေးတဲ့ဆေးလည်း မှားသွားနိူင်ပါတယ်။ ဒီလိုပါပဲ organization မှာလည်း တကယ့်ချို့ယွင်းချက်ကို ရှာဖွေဖော်ထုတ်ခွဲခြားနိူင်ရပါမယ်။

Diagnosis ရရင် ဝင်ပြီး ဖြေရှင်းရမယ်။ ပြန်လည်ထူထောင်နိူင်အောင် လုပ်ရမယ်။ ဒါတွေလုပ်တဲ့အခါ လုံးဝမထင်မှတ်တဲ့အရာတစ်ခုကို သတိထားရပါမယ်။ Public relation ဆိုတဲ့ media ကို အလေးထားရပါမယ်။ ကိုယ့်ကုမ္ပဏီတစ်ခုမှာ နည်းနည်းချို့ယွင်းလာလို့ နာမည်ပျက်သွားရင် အဲ့ဒါကို မကိုင်တွယ်နိူင်ရင်၊ public image ကျသွားရင် လုပ်ငန်းထိခိုက်နိူင်ပါတယ်။ ဒါကို သတိထားဖို့လိုပါတယ်။ Crisis Management ကို ဒီမှာလည်း သင်ရိုးညွန်းတမ်းတွေဆွဲပြီး သင်သင့်ပါတယ်။ နာဂစ်ကြောင့် သင်သင့်တယ်လို့ ပြောတာမဟုတ်ပါဘူး။ organization တွေမှာ ရှိနေတဲ့အတွက် သင်သင့်တယ်လို့ပြောတာပါ။

Crisis management မှာ ကျွှမ်းကျင်မှုတွေရှိမယ်၊ နည်းလမ်းတွေရှိမယ်၊ ကိရိယာတန်ဆာပလာတွေရှိမယ်။ ပထမဆုံး ချင့်တွက်ဖို့လိုပါတယ်။ ဒီလုပ်ငန်းမှာ ဘာဖြစ်နေလဲ၊ ဘာအကျပ်အတည်းရှိသလဲဆိုတာကို ချင့်တွက်ရပါမယ်။ ပြီးရင် နားလည်သဘောပေါက်မှုလိုပါတယ်၊ ပြီးမှ ဒါကို ကိုင်တွယ်ပုံလိုပါတယ်။ ဖြစ်ဖြစ်ချင်း လုပ်ရပါမယ်။ ဒီနေရာမှာ reality နဲ့ perception ကို သတိထားစေချင်ပါတယ်။ တကယ်ဖြစ်နေတာနဲ့ အယူအဆနဲ့ဟာ တစ်ခါတလေမှာ ကွဲပြားနေတတ်ပါတယ်။ ကွဲပြီဆိုရင် ပြဿနာဖြစ်လာပါပြီ။

Reality ဆိုတာမှာ “ဒါက ဒီလိုဖြစ်ရင် လူတိုင်းက ဒီလိုပဲမြင်မယ်” လို့ မထင်လိုက်ပါနဲ့။ အယူအဆက သပ်သပ်၊ အစစ်အမှန်က သပ်သပ်ပါ။ သူ့အယူအဆကို ကိုယ်သွားပြောလို့မရပါဘူး။ သူ ဒီလိုပဲ စဉ်းစားမယ်၊ သူ ဒီလိုပဲ မြင်မယ်။ ဒါကို မှားတယ်၊ မှန်တယ် သွားပြောလို့ မရပါဘူး။ သူမြင်တဲ့ပုံစံကို ကိုယ်နားလည်ဖို့ပဲ လိုပါတယ်။ reality နဲ့ သူ့ရဲ့ perception က မတူဘူးဆိုတာကို ကိုယ်သိအောင်ကြိုးစားဖို့ပဲ လိုပါတယ်။

Systematic attempt to avoid crises or to manage those crises events that occur Incident management

Crisis management က စနစ်တကျ ရှိပါတယ်။ လုပ်ငန်းတွေမှာ crisis မပေါ်အောင် လုပ်လို့ရပါတယ်။ Crisis ဖြစ်မှ လုပ်တာထက် မဖြစ်ခင်ကတည်းက ကြိုု ပြီး လုပ်လို့ရတာတွေ ရှိပါတယ်။ ဖြစ်ပြီးရင်တော့ ဒါကို နိူင်နိူင်နင်းနင်း စီမံခန့်ခွဲနိူင်ရပါမယ်။ ပြီးမှ Incident management ပေါ့။ Incident management ကို Crisis management လို့လည်း ခေါ်ပါတယ်။

လုပ်ငန်းတစ်ခုမှာ ငွေလာညှစ်တယ်ဆိုရင် ဒါဟာ Crisis ပါပဲ။ လာဘ်ထိုးရတယ်ဆိုရင်လည်း Crisis ပါပဲ။ ဒါကို ဖြစ်လေ့ဖြစ်ထရှိတဲ့အရာလို့ မယူဆစေချင်ပါဘူး။ Business Culture မှာ လာဘ်ထိုးရတယ်ဆိုတာမျိုး မရှိသင့်ပါဘူး။ ဒါ မဖြစ်သင့်ပါဘူး။ လွှဲပြောင်းယူတာတွေရှိတယ်ဆိုတာမျိုးရှိမယ်၊ တခြားကုမ္ပဏီက ကိုယ့် company လာသိမ်းတာရှိမယ်၊ အကြမ်းဖက်တာတွေရှိမယ်၊ ကွန်ပျူတာနဲ့ပါတ်သတ်ရင် copyright တွေရှိမယ်၊ သတင်းအဖျက်အမှောင့် လုပ်တာတွေရှိမယ်။ Natural disasters နဲ့ Computer Tampering လည်း ရှိပါမယ်။

နောက်တစ်ခုက လုပ်ငန်းရှင်တွေကို ပြန်ပေးဆွဲတာတွေလည်း နိူင်ငံခြားတိုင်းပြည်တွေမှာရှိပါတယ်။ ဒီမှာတော့ ဒါမျိုးတွေ မရှိသေးပါဘူး။ ဒါတွေအားလုံးဟာ Crisis တွေပါပဲ။ Organizational crisis တွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှိနေပါတယ်။

4 types of Organizational Crisis

  • Sudden – fire, explosions, natural disasters, workplace, violence, etc;

  • Smoldering – problem or issues start small and could be fixed or averted if someone pay attention or recognize the potential for trouble.

  • Bizarre – a one of a kind crisis

  • Perpetual – long-running problem

Organizational crisis ကို စဉ်းစားရင် ကိုယ့်လုပ်ငန်းတစ်ခုလုံးရဲ့အနေအထားကိုကြည့်ပြီး ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားစေချင်ပါတယ်။ အဲ့ဒီမှာ ၄ မျိုးရှိပါတယ်။ Sudden မထင်မှတ်ပဲ ချက်ချင်းဖြစ်တာမျိုးရှိပါတယ်။ နောက်တစ်မျိုးက Smoldering တငွေ့ငွေ့နဲ့ ဖြစ်တာမျိုးပါ။ အစတုံးကတော့ သေးသေးလေးနဲ့စတာပါ။ နောက်မှ ကြီးလာတာကတော့ လူတွေက သတိမထားမိကြလို့ပါပဲ။ နောက်တစ်ခုက Bizarre ထူးခြားဆန်းကြယ်တာမျိုးပါ။ တစ်ခါမှ မဖြစ်ဖူးတာမျိုးပေါ့။

ဥပမာ – အမေရိကားမှာ fast-food ရောင်းတယ်ပေါ့။ အဲ့ဒီ fast-food ထဲမှာ လက်ညှိုးတစ်ချောင်း သွားတွေ့တယ်။ အဲဒီမှာ chain တစ်ခုလုံး ဒုက္ခရောက်တော့တာပါပဲ။ ဒါဟာ မထင်မှတ်ဘဲဖြစ်တဲ့ Crisis ပါပဲ။ နောက်ဆုံးတစ်ခုက perpetual ပါ။ မပြီးစီးနိူင်တဲ့ပြဿနာတွေပေါ့။ လုပ်ငန်းတွေမှာ မပြီးနိုင်တဲ့ပြဿနာတွေ အမြဲတမ်းရှိပါတယ်။ ဒီတော့ လုပ်ငန်းရှင်တွေ သတိထားရမယ့်အချက်က Crisis တစ်ခုဖြစ်ရင် ကိုယ့်လုပ်ငန်းတစ်ခုတည်း ထိတာမဟုတ်ပါဘူး။ တခြားအဖွဲ့အစည်းတွေနဲ့ လူအဖွဲအစည်းကိုပါ ထိခိုက်တဲ့အတွက်ကြောင့် media relations လိုလာပါတယ်။ ပြီးမှ ပြန်လည်ထူထောင်မှု လုပ်ရပါတယ်။

နည်းပညာအနေနဲ့တော့ CMF – Crisis Management Framework ဆိုတာ ရှိပါတယ်။ တချို့လုပ်ငန်းတွေမှာ လက်ရှိ management structure ကိုသုံးပြီး တည်ထောင်ထားတာ တွေ့ရပါတယ်။ ပြီးမှ ကိုယ့်လုပ်ငန်းအတွင်းထဲနဲ့ တခြားလုပ်ငန်းတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ တည်ဆောင်ပါတယ်။ ဒီမှာဆိုရင် ကွန်ပြူတာလုပ်ငန်းရှင်များအသင်းအနေနဲ့ စဉ်းစားသင့်တာတွေ ရှိပါတယ်။ computer brake off ဖြစ်ရင်၊ System brake off ဖြစ်ရင်၊ အင်တာနက်ကျသွားရင် ဘယ်လိုလုပ်မလဲဆိုတာတွေကို ကြိုပြင်ဆင်ထားတာတွေ မလုပ်ခဲ့ရင်၊ တုန့်ပြန်တာနှေးခဲ့ရင် အများကြီး ထိခိုက်နိူင်စရာရှိပါတယ်။ Organizational crisis နဲ့ပါတ်သတ်ပြီး တခြားနိူင်ငံက ဥပမာတွေကို ကြည့်ကြရအောင်ပါ။

အိန္ဒိယနိူင်ငံ Bhopal မှာ Chemical pollution အကြီးအကျယ်ဖြစ်တော့ လူတွေအများကြီးသေပါတယ်။ အဲ့ဒီအဖြစ်အပျက်မှာ သင်ခန်းစာယူစရာတွေ အများကြီးရှိပါတယ်။ ပထမဆုံးအချက်က ဆက်သွယ်ရေးလမ်းကြောင်းတွေ ညံ့ပါတယ်။ မဖြစ်ခင်လည်း ညံ့ပါတယ်၊ ဖြစ်နေစဉ်မှာလည်း ညံ့တယ်၊ ဖြစ်ပြီးတော့လည်း ညံ့ဆဲပါပဲ။ ပိုဆိုးတာက Chemical poison တွေဖြစ်ရင် ဘာလုပ်ရမယ်ဆိုတာတွေကို အင်္ဂလိပ်လို ရေးထားတဲ့အတွက် အိန္ဒိယလူမျိုးတွေ မဖတ်တတ်တာပါပဲ။

Company မှာ အားလုံးနားလည်အောင် လုပ်ပါလို့ ပြောထားပေမယ့် ရေးထားတဲ့ manuals တွေ၊ guidelines တွေ အားလုံးက အင်္ဂလိပ်လိုတွေ ဖြစ်နေတော့ အိန္ဒိယလူမျိုးလုပ်သားတွေ တစ်ယောက်မှ မဖတ်တတ်သလို ပတ်ဝန်းကျင်က ရွာသားတွေလည်း မဖတ်တတ်ကြတော့ poison တွေ ဖြစ်နေမှန်းသိပေမယ့် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတော့တယ်။

အဲ့ဒီမှာ အမေရိကားက Union Carbide management က ချက်ချင်းအပြေးရောက်လာပါတယ်။ ရောက်ရောက်ချင်းမှာပဲ အိန္ဒိယအစိုးရက မင်းတို့ကြောင့်ဖြစ်ရတာဆိုပြီး ချက်ချင်းဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ တကယ်တော့ သူတို့လာတာက recovery လုပ်ဖို့ လာကြတာပါ။ နောက်တစ်ခုက company ပိုင်ရှင်တွေဟာ မြင်သာရုံသက်သက်ပဲ လုပ်တာပါ။ တကယ်တမ်း  တစိုက်မတ်မတ်လုပ်တာမဟုတ်တော့ counterproductive ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ ဘာသင်ခန်းစာရလိုက်သလဲဆိုတော့ multinational ဆိုတဲ့ နိူင်ငံတစ်ခုထဲမှာတင်မဟုတ်ပဲ နိူင်ငံအများကြီးမှာလုပ်တဲ့ company တွေဟာ management standard ကို သတိထားရပါမယ်။ တစ်နေရာမှာ သုံးလို့ရတဲ့ management standard တွေဟာ နောက်တစ်နေရာမှာ သုံးလို့ရ၊ မရ ပြောင်းရွှေ့ပြီး လုပ်လို့ ရ၊ မရဆိုတာ စဉ်းစားရပါမယ်။

ဒီနေရာမှာ Ford ကား company နဲ့ Firestone တာယာ company ကြားမှာ ဖြစ်ခဲ့တဲ့ support crisis အကြောင်း ပြောပြချင်ပါတယ်။ Ford ကားတွေမှာ သုံးတဲ့ 4/4 တာယာတွေ မကောင်းတဲ့အတွက် ပေါက်ထွက်ပြီး  လူတွေအများကြီး သေရပါတယ်။

အဲ့ဒီလို လူတွေအများကြီး သေတဲ့အတွက် Firestone company ဟာ တာယာခြောက်သန်းခွဲလောက်ကို ပြန်ပြီး ရုပ်သိမ်းပေးရပါတယ်။ သေဆုံးသူအရေအတွက်နည်းတယ်၊ များတယ် ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်နေကြပါတယ်။

ဒေါက်တာအောင်ထွန်းသက်

MBA Knowledge Network