လုပ်ငန်းခွင်တစ်ခုမှာ လူတယောက်အောင်မြင်ဖို့ဆိုတာ Capacity လို့ခေါ်တဲ့ လုပ်ရည်ကိုင်ရည်ရှိဖို့လိုပါတယ်။ ဘယ်လောက်ပဲလုပ်ချင်စိတ်ရှိပါစေ Capacity မရှိရင်လဲ မဖြစ်နိုင်ပါဘူး။

Capacityမှာ (၂) မျိုး ရှိတယ်။

  • Capacity Building (မရှိသေးတဲ့ အရည်ချင်းတွေကိုရှိအောင် လုပ်တာ နဲ့)

  • Capacity Development (ရှိပြီးသား အရည်ချင်းတွေကိုပေါ်လွင်လာအောင် ဆွဲထုတ်တာ)

လက်ရှိမြန်မာပြည်ပညာရေးပုံစံက Outside In အဲ့လိုဖြစ်နေတယ်။ ဆရာတွေကပဲ ပေးနေရတာ တကယ်ဆို Inside Out ဆိုပြီး ကလေးတွေရဲ့ ဦးဏှောက်ထဲမှာရှိနေတာတွေကို ဆွဲထုတ်ပေးရမယ်။ တခုခုကို Learn လုပ်ရင် နည်းလမ်း (၃) မျိုးရှိတယ်။

  • Learn (ပညာအသစ်တွေကိုလေ့လာတယ်)

  • Unlearn (သိပြီးသားမလိုတဲ့အဟောင်းတွေပယ်တယ်)

  • Relearn (ခေတ်မှီတာတွေကို ပုံစံတမျိုးနဲ့လေ့လာတယ်)

Capacity ကို Develop ဖြစ်ဖို့ဆိုရင် (၂)ခု လိုတယ်။

  • OD -Organization Development နဲ့

  • HRD-Human Resources Development ဖြစ်မှရမယ်။

Economicတစ်ခုရဲ့အနှစ်သာရဆိုတာ ဘွဲ့ရတာ ပညာတတ်တာနဲ့မဆိုင်ဘူး။

အချက် (၂) ချက်ကိုသေချာသိမှ ဘာလဲဆိုတော့ ကိုယ့်လုပ်တဲ့အလုပ်ဟာ

1- End လား။

2-Means လားသိရမယ်။

ဥပမာ တံတားဆောက်တယ်ဆိုပါစို့။ ဖဲကြိုးဖြတ်ပီးရုံနဲ့ end မဖြစ်သေးဘူး။ အဲ့ဒါ means ပဲရှိသေးတယ်။ တံတားကြီးဘယ်လောက်ခိုင်တယ်။ ဘယ်နှစ်နှစ်ကြာခိုင်တယ်ကမှ End ဖြစ်မယ်။

  • ကိုယ်တွေ့ဘွဲ့ရရုံနဲ့ End မဖြစ်ဘူး။ End ဆိုတာ ကိုယ့်ဘဝရဲ့ဦးတည်ချက်ကိုခေါ်တာ။

“Education is the most powerful weapon which you can use to change the world”

နယ်လဆင်မန်ဒရဲလားး ပြောထားတဲ့ဟာလေးပါ။ ပြီးတော့ အမှန်တရားကိုလဲချစ်ရမယ်။ ဒီလိုဖြစ်နိုင်ဖို့ဆို

  • Ignore

  • Pretend

  • Active Learning ရှိမှဖြစ်မယ်

Myanmar ပြည်ဟာ One Country One People လို လူမျိုးအားလုံးကခံယူပြီး One Future ရှိမှပဲ Develpoment ဖြစ်နိုင်မယ်။ ပြီးတော့ Time to change ဆိုတဲ့စကားကိုမူတည်ပြီး ဘာတွေပြောင်းရမလဲဆိုရင်

Economically Vibrant

Socially Inclusive

Democratically anchored ဖြစ်ရမယ်။

Singapore ဟာရမ်းဗြဲ ကျောက်ဖြူကျွန်းရဲ့ တဝက်ပဲရှိပြီး ဒေသကလဲ သူထက်အများကြီးကြီးပါတယ်။ Excellence ဖြစ်ဖို့ဆိုတာ  လူတယောက်ရဲ့ အလေ့ကျင့်နဲ့ အများကြီးဆိုင်တယ်။

  • Knowledge ရယ်

  • Skills ရယ်

  • Desire ရယ်ပေါင်းမှ Habits ရနိုင်မယ်။

ဆရာဒီမှာ 8 Habits of Effective People ဆိုပြီးရှင်းပြခဲ့သေးတယ်။ ဘယ်လို Habits တွေက လူတယောက်ကို အောင်မြင်စေတာလဲဆိုတော့

1-Proactive (မခိုင်းဘဲနဲ့လုပ်တာ)

2-Begin with the end in mind (ဘဝမှာ အဆုံးနဲ့စနိုင်ရမယ်)

3-Put First Thing First (စလုပ်သင့်တာကို အရင်စ)

4-Think Win Win. (နှစ်ဖက်မျှတွေး)

5-Communicate (ဆက်သွယ်ဆက်ဆံရေးလုပ်)

6-Synergize-  (cooperate နဲ့တူတယ်)

7-Sharpen the saw

8-Find their voice and help them

ဒီလိုအကျင့်တွေက လူတယောက်ကို အောင်မြင်အောင် ပြောင်းလဲပေးနိုင်တယ်။ မမှားဘူးတဲ့လူတယောက်ဟာ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။ ဒါပေမဲ့ ထပ်ခါထပ်ခါမှားနေတဲ့သူကတော့ သုံးစားမရတဲ့သူပဲ။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် (Via Hr Campus) MBA Knowledge Network မှ သင်တန်းသားများ ဖတ်နိုင်ရန်အတွက် ကူးယူဖော်ပြပေးပါသည်။