နောင်တောင်းပရဟိတလူငယ်အဖွဲ့တို့၏ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း “သက်မွေးပညာရေးကျောင်း” ဖြစ်ပေါ်လာရေးနှင့် ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ဒေသတွင်းလူငယ်များအား စုစည်း၍ သက်မွေးပညာရပ်များ သင်ကြားပေးနေရာတွင် ၂၀၁၈ အောက်တိုဘလ ၁ ရက်နေ့တွင် ထပ်မံ၍ သက်မွေးပညာသင်တန်းကို ထပ်မံဖွင့်လှစ်ပါမည်။

သင်တန်းကာလမှာ ၂၀၁၈ အောက်တိုဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိဖြစ်သည်။ သင်တန်းကို ဟိုပုံးဒေသ နောင်တောင်းပရဟိတ တပ်ဦးကျောင်းတိုက်၌ လက်ရှိနေထိုင်လျက်ရှိသော ကျောင်းသား ကျောင်းသူများအတွက် ရည်ရွယ်၍ ဖွင့်လှစ်သည်။ သို့သော်လည်း အခြားသော ဒေသမှ လာရောက်သင်ယူလိုသူနှင့် လေ့လာသူများအားလည်း လက်ခံပါသည်။ သင်ကြားမည့် ဘာသာရပ်များမှာ ဝရိန်သင်တန်း၊ လျှပ်စစ်သင်တန်းနှင့် ဝါးလက်မှုသင်တန်းတို့ဖြစ်သည်။

ဤတွင် ဝရိန်သင်တန်းတွင် ယခင်လက်ရှိသင်ကြားပြီးသော သင်တန်းသားများကိုလည်း ပြန်လည် လက်ခံသွားမည်။ ၎င်းတို့အား သံပန်း သံကွက်ဖော်နည်းများ သံပန်းဒီဇိုင်းများအပြင် အာဂွန် (စတီးဝရိန်) ဆော်နည်းများကိုပါ သင်ကြားပေးမည်။ နောက်တကြိမ်ထပ်မံပြုလုပ်မည့် သင်တန်းများ သို့မဟုတ် သက်မွေးပညာရေးစာသင်ကျောင်းတွင် သင်တန်းဆရာဖြစ်ရန်လည်း ရည်ရွယ်သည်။ သင်တန်းသားသစ်ကိုလည်း လက်ခံပါမည်။ သင်တန်းသား အသစ်များကို ပထမသုံးပတ်တွင် လက်တွေ့သင်ကြားပေးပြီး ဒုတိယသုံးပတ်တွင် စာတွေ့ လက်တွေ့နှစ်မျိုးသင်ကြားပါမည်။ ထို့နောက်မှ ကျန်ရှိနေသည့် ဝရိန်ပညာများကို ဆက်လက်သင်ကြားပေးသွားမည်။ ငါးကြင်းကွက်စသည့် ဝရိန်ဆော်နည်းများဖြင့် စားပွဲခုံချိုးနည်းများ၊ ဗီဒိုချိုးနည်းများ၊ အဝတ်လှန်းစင်စသဖြင့် အမယ်စုံအောင်သင်ကြားပေးမည်။

လျှပ်စစ်သင်တန်းတွင် ပင်းပက် အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ အိမ်တွင်း လျှပ်စစ်ဆင်နည်းများကို ဆရာ လေးဦးဖြင့် သင်ကြားပေးမည်။ သင်တန်းများအနက် ဤလျှပ်စစ်သင်တန်းကို သင်တန်းဆင်းလက်မှတ် ပေးအပ်ပါမည်။ ဤလက်မှတ်ဖြင့် လျှပ်စစ်မီးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ရမည်။

ဝါးလက်မှုသင်တန်းတွင် ယခင်တစ်ကျော့က သင်ကြားခဲ့သော ဝါးအလုံးလိုက် ဝါးအလှပစ္စည်းများ ဖန်တီးခြင်းနှင့် နှီးဖြာ၍ ဝါးအလှများဖန်တီးခြင်းနှစ်မျိုးစလုံးကို ထပ်မံသင်ကြားပေးမည်။ ဤသင်တန်းတွင်လည်း သင်တန်းသားဟောင်းများကိုလည်း ပြန်လည်လက်ခံပါသည်။ နောက်တကြိမ်ထပ်မံပြုလုပ်မည့် သင်တန်းများ သို့မဟုတ် သက်မွေးပညာရေးစာသင်ကျောင်းတွင် သင်တန်းဆရာဖြစ်ရန်လည်း ရည်ရွယ်သည်။ ထို့အတူ ယခင်အကျော့တွင် မသင်ကြားနိုင်ခဲ့သော ပညာရပ်များကိုလည်း သင်ကြားပေးမည်။ သင်တန်းသား အသစ်များကိုလည်း လက်ခံပါမည်။ သင်တန်းသားအသစ်များကိုတော့ ယခင်အကျော့က သင်ခဲ့သည့်တိုင်း ဝါးအကြောင်းများ နှီးဖြာနည်းများကမှအစ အစအဆုံး ပြန်လည်သင်ကြားပေးမည်။ သင်တန်းကာလမှာ ယခင်ထက် သင်ကြားရက်ပိုကြာမည်ဖြစ်သည့်အတွက် ပိုမို၍ လက်ရည်ကောင်းများ ရရှိအောင် လေ့ကျင့်ပေးမည်။

သင်တန်းသားများမှာ နောင်တောင်းပရဟိတကျောင်းတွင် နေထိုင်သူများကို အဓိကရည်ရွယ်သော်လည်း အဝေးမှ လာရောက်၍ သင်ကြားနိုင်ပါသည်။ အဝေးမှလာသော သင်တန်းသားများအတွက်လည်း နောင်တောင်းတွင် နေထိုင်သည့် သင်တန်းသားများနည်းတူ အခွင့်အရေးရပါသည်။ နေထိုင်စရိတ် စားသောက်စရိတ် မကုန်ပါ။ သင်တန်းကြေးမပေးရပါ။

အရေးကြီးသော အချက်တစ်ခုသာ ရှိပါသည်။

ထိုအချက်ကာ သင်တန်းရက်ပေါင်း ၁၈၀ လုံးလုံး နောင်တောင်းတွင် နေထိုင်နိုင်ရမည်။ နာရေးမှအပ အိမ်ပြန်ခြင်း ခရီးထွက်ခြင်း လုံးဝ ခွင့်မပြုပါ။

အသေးစိတ်ကို – ဦးဂျေ (+959428364173) နှင့် နန်းရီရီလေး (+959428346276)

တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ သင်တန်းစမည့်ရက်မှာ ၂၀၁၈ အောက်တိုဘာ ၅ ရက်ဖြစ်သည်။