မြေပဲဆီသုံးတာပဲ။ ဘာလို့ရောဂါထူနေကြပါလိမ့်? အဖြေကတော့မြေပဲကြားမှာရှိနေတဲ့မှိုကြောင့်ပါ။

ဒါမနှစ်ကမြေပဲပါ။ အပြင်ပန်းကတော့သန့်ပြီးလှနေတာပဲ။ ခွဲကြည့်လိုက်တော့အထဲမှာ မှိုတွေအပြည့်ပဲ။

ဆီစက်ကတော့ ဒီလိုခွဲကြည့်မှာမဟုတ်ပါဘူး။ အလုံးသန့်သန့်ရွေးပြီး ဒီအတိုင်းကြိတ်လိုက်မှာပါ။ ဘယ်လောက်ပင်သန့်ပေမယ့် မနှစ်ကမြေပဲမို့အထဲမှာမှိုလိုက်နေပါပြီ။ မြေပဲအသစ်မှသာ ဒီပြဿနာကင်းနိုင်မှာပါ။ တနှစ်စာကြိတ်ထားပါမှစိတ်ချရပါမယ်။ ငယ်ငယ်တုန်းက မြေပဲပေါ်ချိန်ဆို အလုပ်ရှုပ်ပါတယ်။ မြေပဲလှန်း ၊ မြေပဲသိမ်းရတာ ကိုယ်တွေအငယ်တသိုက်က တာဝန်ကျတာကိုး။ အဖိုးတို့ကဆီကိုတနှစ်စာ ကြိတ်ပြီးရာဝင်အိုးကြီးတွေနဲ့ သိမ်းထားကြတယ်။ အခုကဆီအချိန်မရွေးဝယ်လို့ ရနေတော့မသိမ်းတော့ဘူးပေါ့။ ဒါပေမယ့်အန္တရာယ်ကင်းတဲ့ ဆီမရနိုင်ဘူးဖြစ်သွားတယ်။ ကင်ဆာ ၊ သွေးတိုး ၊ နှလုံး ၊ ဆီးချို စတဲ့ရောဂါဟာ ဒီမှိုတွေကလာတာပေါ့။ မှိုပါတဲ့မြေပဲကိုကြိတ်လိုက်တော့ အဲ့မှိုတွေကဆီနဲ့တသားထဲဖြစ်သွားခဲ့ပြီလေ။ သတိပြုဆင်ခြင်နိုင်ကြဖို့ပါ။

ဆိုပြီးတော့ Nan Aye Tint ဆိုတဲ့ တစ်ယောက်ရဲ့ Facebook ကနေ တွေ့လိုက်တယ်။ အဲဒါနဲ့ Share မိသမျှလေးတွေကို တွဲတင်ပေးလိုက်တယ်။ ဆင်ခြင်ဖို့ပါ။

 

ဒါကတော့ ဖျော်ရည်တို့ ကော်ဖီမစ်တို့ဆီမှာပါဝင်တဲ့ သကြားပါ။

 

ပြထားတာတွေကတော့ ဒီနိုင်ငံမှာ နည်းပါတယ်။ ဒီနိုင်ငံမှာဆို ပိုဆိုးမယ်ထင်တယ်။ သောက်လိုက်ရင်ကို လျှာပေါ်ရိချွဲတက်သွားတယ်။

အောက်ပါ ရုပ်ရှင်ကတော့ MRTV ကနေကို တရားဝင်ကြေငြထားတာ


ဒါကတော့ နိုင်ငံတော်အဆင့်ကြေငြာချက်ပါ။ ပထမဆုံး သူတို့ ကြေငြာသွားတာကတော့ ဖော့ဗူးပါ။ နောက် ကြက်သားမှုန့်ပါ။ သူ့ထဲမှာ တာရှည်ခံမှုန့်၊ မှိုသတ်ဆေး၊ အချိုမှုန့်တွေပါဝင်ပါတယ်တဲ့။ နောက်တစ်ခုက ဆိုင်တွေမှာ သုံးနေတဲ့ အချဉ်။ သူ့ထဲမှာ ဘက်ထရီအိုးမှာသုံးတဲ့ ဆာြဖူလစ်အက်ဆစ်စတာတွေ ပါဝင်ပါတယ်တဲ့။ နောက်ခြင်ဆေးခွေနဲ့ ဖျော်ရည်တွေအကြောင်း ပြည့်ပြည့်စုံစုံပြောထားပါတယ်။