ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၏ အမြောက်ဘက် နောင်တောင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် အခြေစိုက်သည်။ နောင်တောင်းကျောင်း၏ ရည်ရွယ်ချက်တွင် တစ်စိတ်တပိုင်းဖြစ်သော ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ဖွဲ့စည်းထားသော အစိတ်အပိုင်း add-ons ကလေးဖြစ်သည်။ စာသင်ကျောင်း အတန်းပညာကို ပြီးဆုံးအောင် မတက်ရောက်နိုင်သော ဒေသခံလူငယ်များအား မိမိကိုယ်ကို လွယ်ကူစွာ အသက်မွေးနိုင်ခြင်းအတွက် အလုပ်အကိုင်အခွင့်အလမ်း သင်တန်းကို သင်ကြားပေးသည့် အစီအစဉ်ကို ဆောင်ရွက်လျက် ရှိပါသည်။

စီမံကိန်းကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ သြဂုတ်လအထိ (၇) လတိုင်တိုင် ဒုတိယအကြိမ် ပြုလုပ်ပါမည်။ ပထမအကြိမ်ကို YMCA နှင့် ပူးပေါင်းလုပ်ကိုင်ခဲ့ပြီး ယခုအခါ စီမံကိန်းများကို နောင်တောင်းကျောင်းမှ ဆရာ ဆရာမများကိုယ်တိုင် ဦးဆောင်လျက် ပြုလုပ်ခြင်းဖြစ်သည်။ ဦးဆောင်သူများမှာ နာယကအဖြစ် နောင်တောင်းဆရာတော်ဖြစ်သည်။ စီမံကိန်းကို အဓိကဦးဆောင်သူမှာ ဂျေဂျူဝိုင်နှင့် နန်းရီရီလေးတို့ ဖြစ်သည်။ အကောင်အထည်ဖော်ပေးသူများမှာ နန်းအေးဘီ၊ ခွန်ကျော်မင်းဦး, ခွန်အောင်ကျော်စိုးနှင့် ခွန်ဦးကျော်တို့ ဖြစ်သည်။

ဤနောင်တောင်းပရဟိတလူငယ်သက်မွေးစီမံကိန်းတွင် အဓိကအားဖြင့် ပါဝင်ခွင့်ရသူများမှာ ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်ရှိ ကျေးရွာတို့မှ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာကို ပြီးဆုံးအောင် မတက်ရောက်နိုင်သော လူငယ်များအား အဓိက ပါတင်ခွင့်ရသည်။

သင်ပေးမည့် ဘာသာရပ်များမှာ သုံးပိုင်းခွဲထားသည်။ ပထမပိုင်းတွင် မိမိကိုယ်ကို သိရှိခြင်းနှင့် အသင်းအဖွဲ့ တည်ဆောက်ခြင်းသင်တန်းကို ၁၀ ရက်စီ သုံးကြိမ်ပြုလုပ်ပါသည်။ ထိုအပိုင်းတွင် ခွန်အားဖြစ်စေသော သင်တန်းများ။ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၏ အရေးကြီးပုံများ။ မိမိဒေသဖွံ့ဖြိုးရေးတွင် မိမိတို့ အဓိကပါဝင်ရမည့်အကြောင်းများနှင့် နည်းစနစ်တကျ ခံစားတတ်ရန် စဉ်းစားတတ်ရန် အလုပ်အကိုင်အပေါ် စိတ်ဝင်စားစေရန်နှင့် တစ်ဦးနှင့်တစ်ဦး နားလည်ခွင့်လွတ်တတ်စေရန် သင်ကြားပေးသည်။ ဒုတိယပိုင်းတွင် လက်တွေ့ပိုင်းဖြစ်သည်။ ဤနှစ်တွင် ဆိုင်ကယ်ပြင်၊ ဝရိန်နှင့် ဝါးလက်မှု သုံးခုကိုသာ ထည့်ထားသည်။ ဆိုင်ကယ်ပြင်နှင့် ဝရိန်သင်တန်းတို့တွင် လက်တွေ့ပိုင်းတစ်ခုတည်းသာ မကပဲ သီအိုရီများပါ သင်ကြားပေးမည် ဖြစ်ပြီး ပရိုစီဂျာကျကျလုပ်တတ်ကိုင်တတ်အောင် သင်ကြားပေးမည် ဖြစ်သည်။ ဝါးလက်မှုတွင် ရိုးရာ တောင်သူများ အသုံးများနေသေးသည့် ပစ္စည်းများပြုလုခြင်း လက်ဆောင်ပစ္စည်းများ ပြုလုပ်ခြင်းနှင့် အစားအသောက်တို့တွင် အသုံးပြုနိုင်သည့် ခွက်များ ပစ္စည်းတင်စရာ ဗန်းများ စသည်တို့ကို သင်ကြားပေးသွားမည် ဖြစ်သည်။

သင်တန်းတတိယပိုင်းတွင် ပထမဆုံးသင်မည့် သင်တန်းမှာ စီးပွားရေး စီမံခန့်ခွဲနည်း အခြေခံသင်တန်းဖြစ်သည်။ ထိုသင်တန်းတွင် စျေးကွက်မည်သို့ရှာမည်နည်း မိမိထုတ်ကုန်ပစ္စည်းမည်ကဲ့သို့ စွန်အောင်ထုတ်မည်နည်း စားသုံးသူတို့နှင့် မည်ကဲ့သို့ ဆက်သွယ်ဆက်ဆံမည်နည်းစသည်တို့ကို သင်ကြားပေးမည်။ ဒုတိယအဆင့်တွင် မိမိတို့၏ စီးပွားရေးကို အကြောင်းပြု၍ သဘာဝပတ်ဝန်းကျင်ကို လုံးဝမထိခိုက်စေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်တန်းပေးပြီးနောက် တတိယအဆင့် အနေဖြင့် စီးပွားရေးနှင့် ပတ်သက်သည့် ခေါင်းဆောင်မှုသင်တန်းကို ပေးသွားမည်ဖြစ်သည်။

သင်တန်းနေရာများမှာ ပထမဦးဆုံး မိမိကိုယ်ကို သိရှိခြင်းအပိုင်းနှင့် လက်တွေ့လုပ်ငန်းများတွင် နောင်တောင်းပရဟိတ တပ်ဦးကျောင်းတိုက်တွင် ပြုလုပ်မည်ဖြစ်သည်။ အစားအသောက်အားဖြင့်လည်းကောင်း အိပ်ယာထိုင်ခင်းအားဖြင့်လည်းကောင်း လုံးဝဥဿုံအဆင်ပြေသည့် တစ်ခုတည်းသော နေရာဖြစ်သည့်အပြင် နေရာ၏ ကျယ်လွင့်ခြင်း ရာသီဥတုကောင်းမွန်ခြင်းနှင့် ရေမီးအစုံ စိတ်လက်ချမ်းသာစွာ အသုံးပြုနိုင်သောကြောင့် နောင်းတောင်းကိုရွေးထားပါသည်။ ထို့နောက် နောင်ယာဆိုင်းရွာကို ရွေးထားပါသည်။ ကျောင်းထိုင်ဆရာတော်၏ ပြူငှါမှု ရွာသူရွာသားတို့၏ သဘောထားပြည့်ဝမှုတို့အပြင် တစ်ရွာတည်းသော်ငြား မြို့နယ်နှစ်ခု ကွဲသည့်အပြင် အုပ်စုပါ ထပ်ကွဲသော်ငြား ရွာသူ ရွာသားတို့၏ စည်းလုံးညီညွတ်မှုတို့ကို တွေ့ရမည့် ရွာဖြစ်သည်။ ရွာဆိုသော်လည်း လူနေမှုစရိုက်မြင့်မားသည်ကိုလည်းကောင်း စီးပွားရေးကို အာရုံစိုက်၍ လုပ်ကြသည်ကိုလည်းကောင်း တွေ့ကြရမည် ဖြစ်သည်။ နောက်ထပ်တစ်ရွာမှာ ပဆျာကြိုးဆိုသည့် ရွာဖြစ်သည်။ ရွာသက်တမ်း နှစ်ပေါင်းလေးရာကျော် တည်ရှိနေပြီး ရေမီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် အောင်မြင်ကြသည့် စီးပွားရေးလုပ်ငန်းရှင်းငယ်လေးများ ပြည့်နေသည့် ရွာတွင် သင်တန်းပြုလုပ်မည် ဖြစ်သည်။ ထို့နောက် ရွာဦးကျောင်းဆရာတော်၏ ကြိုးစားမှု ရွာသားတို့၏ ညီညွှတ်မှုကို ပြသည့်ပြယုဂ်တစ်ခုဖြစ်သည့် ကျောင်းကောင်း ကျောင်းကြီးကို ပိုင်ဆိုင်သည့် တောင်ကြီးမြို့အမြောက်ဘက်ရှိ ပေါမူကျောင်းတိုက်တွင် ပြုလုပ်မည်ဖြစ်သည်။

ဝင်ကြေးမရှိပါ။ သွားလာစရိတ်များကိုလည်း တာဝန်ယူသည်။ စားစရိတ်အတွက် ကုန်ကျမှုလုံးဝ မရှိ။ မိမိအိပ်ယာလိပ်နှင့် မိမိတို့၏ အသုံးအဆောင်ကိုသာ ယူလာပြီး ပညာကို ကြိုးစားလိုက်ရုံမျှနှင့် ဘဝတစ်ခုလုံးစာ ကုံလုံသွားမည့် သင်တန်းဖြစ်သည်။

သင်တန်းရက်ကလေး အနည်းငယ် ရှည်သည်ကို သည်းခံလိုက်ရုံမျှနှင့် ဘဝတစ်ခုလုံးအတွက် ပြည့်စုံလုံငသည့် သက်မွေးပညာရပ်များကို ပေးနေသည့် သင်တန်းတစ်ခု ဖြစ်ပါသည်။ ၎င်းလအတွင်း မုန့်လုပ်ငန်းနှင့် အမျိုးသမီးများအတွက် စက်ချုပ်လုပ်ငန်းကိုလည်း ထည့်သွင်းစဉ်းစားပေးသွားမည်ဖြစ်ပါကြောင် ကြိုတင်အစီရင်ခံအပ်ပါသည်။

 

ဆက်သွယ်မည်ဆိုလျင်

နောင်တောင်းဆရာတော် 09428311700

နန်းရီရီလေး 09428346276

နန်းအေးဘီ 09252171919

တို့အား ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

Email ဖြင့် ဆက်သွယ်လိုလျင် info@ntaddons.net ကိုဆက်သွယ်နိုင်သည်။