ကျွန်မ နန်းအေးဘီသည် ၂၁.၁၁.၁၉၉၃ ခုနှစ်တွင် ပင်လောင်းမြို့နယ်၊ လိန်းညားကျေးရွာအုပ်စု၊ လိန်းညားကျေးရွာမှ အဘ ဦးခွန်သန်းမောင်နှင့် အမိ ဒေါ်နန်းဆွန် တို့မှ မွေးဖွားခဲ့သော သား၊သမီး (၄)ဦးအနက် ဒုတိယမြောက်သမီးဖြစ်ပါသည်။ ကျွန်မသည် သူငယ်တန်းမှ စတုတ္ထတန်းထိ အ.မ.က လိန်းညားတွင် ပညာသင်ကြားခဲ့ပြီး ပဥ္စမတန်းနှင့် ဆဋ္ဌမတန်းကို ပင်လောင်းမြို့နယ် အ.ထ.က ပင်ခွန်တွင် ပညာသင်ကြားခဲ့ပါသည်။

ထိုနောက် သတ္တမတန်းနှင့် အဋ္ဌမတန်းကိုု တောင်ကြီးမြို့ အ.လ.က (၇)တွင် တက်ရောက်ခဲ့ပြီး နဝမတန်းနှင့် ဒသမတန်းကို တောင်ကြီးမြို့ အ.ထ.က (၂)တွင် တက်ရောက်ခဲ့ပါသည်။ ၂၀၁၁-၂၀၁၂တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့သည်။ ၂၀၁၂ခုနှစ်တွင် နောင်တောင်းပရဟိတတပ်ဦးကျောင်းသို့ စတင်ရောက်ရှိခဲ့ပါသည်။ နောင်တောင်းကျောင်းတွင် စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးရင်း စီးပွားရေးအထူးပြု ဘာသာရပ်ဖြင့် အဝေးသင်ပညာကိုု တောင်ကြီးတက္ကသိုလ်တွင် လေ့လာဆည်းပူးရင်း ၂၀၁၇ခုနှစ်တွင် B.A(Eco) ဘွဲ့ယူခဲ့ပါသည်။ နောင်တောင်းကျောင်းတွင် စေတနာ့ဝန်ထမ်းအလုပ်ကို ကူညီလုပ်ကိုင်ရင်း…

  • မိမိကိုယ်ကို သိရှိခြင်းသင်တန်း (Self – Awareness)
  • ဝေဖန်ပိုင်းခြားခြင်းအတွက် စာရေးခြင်းနှင့် စာဖတ်ခြင်းသင်တန်း (RWCT)
  • ကလေးဗဟိုပြု ချဉ်းကပ်နည်းသင်တန်း (CCA)
  • သုတေသနသင်တန်း (PAR)
  • မိမိကိုယ်ကို ဦးဆောင်ဦးရွက်ပြုခြင်းသင်တန်း (PLD)
  • နိုင်ငံရေး ခေါင်းဆောင်မှုသင်တန်း (PL) များ

ကို တက်ရောက်ခဲ့ပါသည်။
ယခုလက်ရှိတွင် ကျောင်းသား၊သူများ ၊ ရပ်ရွာရှိ လူငယ်များ၊ ကျေးလက် ကျောင်းထိုင်ဆရာတော်များနှင့် ရဟန်းသံဃာတော်များ၊ ဘ/က ဆရာ/မများ၊ အားသင်တန်းပေးခြင်းနှင့် သင်တန်းတာဝန်ခံအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့်အပြင် Swissaid ၏ အတန်းပညာကို ပြီးဆုံးအောင် မတက်ရောက်နိုင်သော ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်း စီမံကိန်းတွင် Project Assistant တာဝန်ကို ထမ်းဆောင်လျက်ရှိသည်။