တစ်ခါက ပရင်စတန်တက္ကသိုလ် အနောက်နားမြက်ခင်းမှာရှိတဲ့ ခုံတန်းလျားလေးတစ်ခုမှာ လူတစ်ယောက်ထိုင်နေတယ်။ အဲဒီရက်ကကျောင်းပိတ်ရက်ဖြစ်တော့ လူအတော်နည်းတာပေါ့။ အဲဒီထိုင်နေသူအနားကို နောက်ကျောင်းသားလေး တစ်ယောက်က ဝင်ထိုင်တယ်။ ပြီးတော့ ကျောင်းသားလေးက ထိုင်နေသူကို

”ခင်ဗျားကို သိပါတယ် ခင်ဗျားဟာရူပဗေဒပညာရှင်ကြီး အိုင်းစတိုင်းမဟုတ်လား”

လို့ မေးတယ်။

အိုင်းစတိုင်းဟာ လူငယ်လေးကို ဘာမှမပြောဘူး။ သူ့ရှေ့က ဘာမှမရေးထားတဲ့ စာရွက်ကိုပဲ ငေးကြည့်နေတယ်တဲ့။ ဒီတော့ လူငယ်လေးက

”ခင်ဗျားအတွေးအတွက် တစ်ပြားပေးမယ်” (A penny for your thought) လို့ လှမ်းပြောလိုက်တယ်။ ဒါဟာ အင်္ဂလိပ်စကားမှာ ပြောလေ့ရှိတဲ့ စကားပါ။ နောက်ပြောင်တဲ့ Idiom ပါပဲ။ ဒီအခါမှာ အိုင်းစတိုင်းက လူငယ်လေးကိုကြည့်လိုက်တယ်။ ပြီးတော့ မေးတယ်။

”မင်း ဒီကျောင်းက Ph.D ကျောင်းသားမဟုတ်လား”

”ဟုတ်ပါတယ်၊ ကျွန်တော် ရူပဗေဒက Ph.D ကျောင်းသားပါ၊ ဆရာကြီး လက်ချာတက်ဖူးတယ်” လို့ ဖြေတယ်တဲ့။

”အေး၊ မှန်တာပြောရရင် ငါဘယ်တော့မှ တစ်ပြားတန်အတွေးမတွေးဘူး။ မင်းလည်းပရင်စတန်က ကျောင်းသားအနေနဲ့ တစ်ပြားတန်အတွေး ဘယ်တော့မှမတွေးလေနဲ့၊ အတွေးဆိုတာတန်ဖိုးကြီးလေလေ ကောင်းလေလေပဲ” တဲ့။

ဆရာကြီးက သူ့စာရွက်ကို ကြည့်ပြီး ပုံဖော်နေရင်း ဆက်ပြောလိုက်တယ်။

“တစ်ပြားတန်အတွေးတွေးတဲ့သူဟာ တစ်ပြားပဲရမှာပါပဲ” တဲ့။

 

MBA Knowledge Network မှ သင်တန်းသားများ ဖတ်နိုင်ရန်အတွက် ကူးယူဖော်ပြပေးပါသည်။